Wednesday, August 13, 2014

စည်ပင်သာယာမှ လာရောက် စွန့်ပစ်သော အမှိုက်များကြောင့် ဒေသခံများ သွားလာရေးအပြင် ကျန်းမာရေးပါ ထိခိုက်နေ

ခရမ်းမြို့နယ်၊ အနောက်ဘက် ၁၀ရပ်ကွက် အစွန်းရှိ နိဗ္ဗာန်လမ်းပေါ်တွင် စည်ပင်သာယာအဖွဲ့မှာ ကားများဖြင့် လာရောက်ပုံသော အမှိုက်များကြောင့် ဒေသခံများ သွားလာမှု အဆင်မပြေသည့်အပြင် အနံ့အသက်ကြောင့် ရောဂါများပါ ဖြစ်ပေါ်လာနိုင်သည့်အတွက် စည်ပင်သာယာအဖွဲ့ အနေဖြင့် အမှိုက်များကို စနစ်တကျ လမ်းဘေးချောက်ထဲသို့ သေချာစွာ စွန့်ပစ်သင့်ကြောင်းကို တီတွတ်ဆရာတော် ဦးသုမနမှ Tomorrow ဂျာနယ်သို့ မိန့်ကြားခဲ့သည်။

နိဗ္ဗာန်လမ်းသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ခင်းထားသော ကျောက်ချောလမ်းမကြီး ဖြစ်သည့် အပြင် နေ့စဉ်ကျေးရွာမှ ကလေးများ ကျောင်းသွားကျောင်းပြန် ပြုလုပ်ကြသလို နာရေးပို့သော သူများမှ လည်း နေ့စဉ်သွားလာနေသောကြောင့် အနံ့အသက်များ အလွန်ဆိုးရွားသည့် အပြင်အမှိုက်များအား စည်ပင်သာယာ အဖွဲ့မှ ကားများဖြင့် လာချရာတွင် လမ်းဘေး ချောက်ထဲသို့ မချဘဲ လမ်းပေါ်တွင် တင်ထားသောကြောင့် လမ်းမှာပိတ်ဆို့ခါနီး အထိ ဖြစ်လာကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကနေစပြီး စည်ပင်ကကားတွေက လမ်းဘေး ချောက်ထဲကို အမှိုက်မချတော့ဘဲ လမ်းဘေးမှာဘဲ ကပ်ပြီး အမှိုက်သွန်နေတာ နေ့စဉ်ဆိုတော့ အမှိုက်ပုံကြီးက တဖြည်းဖြည်းကြီးလာတယ်။ စည်ပင်သာယာကို သွားပြီး ပြောခိုင်းတော့ တစ်ရက်အမှိုက်ပုံကို ညှိသွားတယ်။ နောက်ဒီအတိုင်းပဲ ပြန်ဖြစ် သွားတယ်” တီတွတ် ဆရာတော် ဦးသုမနမှ မိန့်ကြားခဲ့သည်။
Tomorrow

0 comments:

Post a Comment