Wednesday, August 13, 2014

လက်ရှိအစိုးရသည် နိုင်ငံရေးအစ မီဒီယာအဆုံး လွတ်လပ်ခွင့် ပေးတတ်သော်လည်း ရှင်သန်ကြီးထွားခွင့်တော့မပေးဘူးဟု မင်းကိုနိုင်ပြော

ရှစ်လေးလုံး ၂၆နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊သင်္ဃန်း ကျွန်းမြို့နယ်၊သုဓမ်္မာလမ်းရှိ ဓမ်္မပီ ယဘုန်းတော်ကြီးကျောင်းဝင်းတွင် သြဂုတ်လ၈ရက်ကကျင်းပပြုလုပ် ခဲ့သည်။ ၎င်းအခမ်းအနားတွင် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်က ကျွန်တော်တို့တွေဟာ တိုက်ပွဲတွေကြားမှာ လက်ချင်း ချိတ်ပြီး ညီညီညွတ်ညွတ်နဲ့ ရုန်း ကန်ခဲ့ကြပေမယ့် အခုလိုကော်ဇော နီတွေခင်းပြီး အခမ်းအနားတွေကို ကျင်းပခွင့်ရချိန်မှာ အားလုံးဟာ ကိုယ့်အလံ၊ ကိုယ့်တံဆိပ်တွေနဲ့ အဖွဲ့တွေဖွဲ့ခဲ့ကြတယ်။

တစ်ဖွဲ့နဲ့တစ် ဖွဲ့မတူညီမှု၊ ကွဲပြားမှုတွေရှိနေကြ သော်လည်း နိုင်ငံရဲ့အရေးကြီးတဲ့ ကိစ်္စတွေမှာ ဟန်ချက်ညီ ဖို့လိုပါ တယ်။ ဥပမာ ဖွဲ့စည်းပုံပြင်ဆင် ရေးဟာ နိုင်ငံအတွက် အရေးကြီး တဲ့ကိစ်္စမို့ဒီနေရာမှာ အားလုံးဟာ ဟန်ချက်ညီဖို့လိုပါတယ်။ နိုင်ငံရဲ့ အရေးကြီးတဲ့ကိစ်္စတွေအားလုံးမှာ ကျွန်တော်တို့တစ်တွေ ဟန်ချက်ညီ ဖို့အရေးကြီးပါတယ်။ ၈၈ အရေး တော်ပုံကြီးက ဒီမိုကရေစီရရှိရေး ဖြစ်တဲ့အတွက် ဒီမိုကရေစီရရှိရေး ဟာ အားလုံးအတွက် အရေးကြီး ပါတယ်။

တိုင်းရင်းသားတွေအနေ နဲ့ တိုင်းရင်းသားအရေးဟာ အရေး ကြီးသလို ဒီမိုကရေစီရရှိရေးကို လည်းဆောင် ရွက်ကြဖို့လိုပါတယ်။ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေး ဟာ ကျောချင်းကပ်နေပါတယ်။ တစ်ခုချင်းဆောင် ရွက်လို့မရပါဘူး။ တစ်ပြိုင်နက် ဆောင်ရွက်ကြရမယ့် ကိစ်္စပါ။ တစ်ယောက်ကိုတစ် ယောက် လွယ်လွယ် လက်ညှိုး မ ထိုးကြပါနဲ့၊ ကျွန်တော်တို့တစ်တွေ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒ သဘောထားကောက် ယူမှုလုပ်ငန်း စဉ်လုပ်နေချိန်မှာ အချိုးကျ ကိုယ် စားပြုမှုဆိုတာကို လွှတ်တော်ထဲ ဆွဲသွင်းလာတယ်။ လွှတ်တော်ထဲမှာ ခပ်တည်တည်ထိုင်နေတဲ့ ၂၅ ရာခိုင်နှုန်းကို အရင်ရှင်းရဲတဲ့ သတ်္တိ မရှိဘဲ အချိုးကျကိုယ် စားပြုမှုဆို တာကြီးကို လုပ်လာကြတယ်။ ဒါ မျိုးတွေ နောက်ထပ်အများကြီး ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ ရဦး မယ်။ ဒါကြောင့် ကျွန်တော်တို့ ဟန်ချက်ညီကြဖို့အရေးကြီးတယ် ဆိုတာကိုကျွန်တော်ပြောရတာပါ။

လက်ရှိအစိုးရဟာကမ်္ဘာကို သူတို့ လွတ်လပ်ခွင့်တွေပေးတာကြောင့် အမြဲပြောဆိုနေပါတယ်။ နိုင်ငံရေး လွတ်လပ်ခွင့်မပေးဘူးလား၊ ပေး ထားတယ်။ဒါပေမယ့် ကျွန်တော် တို့တွေ နိုင်ငံအနှံ့ဟောပြောပွဲတွေ လုပ်တဲ့အချိန်မှာဟိုနေရာမှာမဟော ရ၊ဒီနေရာမှာမဟောရဆိုတဲ့ နှောင့် ယှက်မှုတွေကြုံခဲ့ရတယ်။ မီဒီယာ လွတ်လပ်ခွင့်ဆိုရင်လည်း မပေး ထားဘူးလား၊ ပေးထားတယ်။ အရင်ကရေးခွင့်မရတာတွေ ရေး ခွင့်ရနေပြီ။ သတင်းစာ၊ ဂျာနယ် တွေ အများကြီးကို ပြည်သူတွေ ဖတ်ခွင့်ရနေပြီ။ ဒါပေမယ့် ရှင်သန်ကြီး ထွားလာတဲ့အခါမှာ နည်း မျိုးစုံနဲ့ဖိနှိပ်မှုတွေပြုလုပ်လာတယ်။ ဒါကြောင့် လက်ရှိအစိုးရဟာ နိုင်ငံ ရေးအစ မီဒီယာအဆုံး လွတ်လပ် ခွင့်တော့ပေးထားတယ်။ ရှင်သန် ကြီးထွားခွင့်တော့ မပေးဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နံပါတ်တစ် လွှတ်တော်တွင်းအား ကောင်းအောင် လုပ်ကြရမယ်။

နံပါတ်နှစ် အရပ်ဘက်အဖွဲ့အစည်း တွေ အားကောင်းအောင် လုပ်ကြ ရမယ်။ နံပါတ်သုံး တိုင်းရင်း သား တွေအားကောင်းအောင် လုပ်ကြရ မယ်။ဒီသုံးခုမှာ နှစ်ခုအားကောင်း အောင်လုပ်နိုင်ရင် ကျွန်တော်တို့ ဘက်ကအခြေအနေကောင်းနိုင်ပြီ ဟု ပြောကြားခဲ့သည်ကို သိရှိရသည်။
The First Media Group
14-8-2014 နေ့ထုတ် First Weekly News Journal မှ

0 comments:

Post a Comment