Monday, August 4, 2014

တရုတ်သံအမတ်နှင့် ၈၈ မျိုးဆက် ယနေ့ တွေ့ဆုံ

ရန်ကုန်-သြဂုတ်၎
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.YANG Houlan နှင့် တရုတ်သံရုံး နိုင်ငံရေးဌာနမှ ဌာနမှူး Mr. LEI Zhen နှင့် အဖွဲ့သည် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) ရုံးသို့ လာရောက် ခဲ့ကြပြီး ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် ယနေ့ နေ့လည် ၂း၃၀ နာရီတွင် တွေ့ဆုံကြကြောင်းThe 88 Generation Peace and Open Society's status.မှသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရန်အတွက် အဓိကကြကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုသဘောထားလက်မှတ်ကောက်ယူမှုနှင့် လွှတ်တော် သို့ တင်ပြရန် ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံတွင် လာ ရောက်၍ ရင်းနှီမြှပ်နှံ မှုများနှင့် ပတ်သက်ပြီး ပွင်းလင်းမြင်သာမှုရှိရန်၊ သဘာဝပတ်ဝန်း ကျင်ကိစ္စ၊ လူမှုပါတ်ဝန်းကျင်ကိစ္စများကို ထိခိုက်မှုမရှိရန် လိုအပ်ကြောင်း၊ဒေသခံပြည်သူများနှင့် ကျေညက်မှုရှိရန် ကြိုးပမ်းဆောင် ရွက်ဖို့ လို အပ်ကြောင်းများကို ၈၈ မျိုးဆက် (ငြိမ်း/ ပွင့်) မှ ဆွေးနွေးခဲ့သည့် အပြင် မြန်မာအမျိုးသမီးငယ်လေး များနစ်နာစေသည့် လူကုန်ကူးမှုအား တရုတ်အစိုးရမှ ထိထိရောက်ရောက် တားဆီးပေးရန်အတွက် နှစ် ဖက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ အပစ်အခတ်ရပ်ဆဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နှစ်ဖက်သဘောထား အမြင်၊ မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှပ်နှံသော တရုတ်ကုမ္ပဏီများကိစ္စနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက်နေသော တရုတ် စီမံကိန်းများ ကိစ္စ များကို ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။
Popular Myanmar News Journal

0 comments:

Post a Comment