Tuesday, August 12, 2014

လှိုင်သာယာမြို့နယ် တပ်ထိပ်မှတ်တိုင်နှင့် (၃)ထိပ်မှတ်တိုင်တို့၌ ခါးပိုက်နှိုက်များ ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ်အတွင်းသတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ၈.၈.၂၀၁၄ရက်နေ့ ၀၆၂၀ အချိန်တွင် ရန်ကုန်-ပုသိမ်လမ်း၊ တပ်ထိပ်ကားမှတ်တိုင်သို့ဆိုက် ရောက်လာသည့် (၁၂၁)လိုင်း ကားပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ မောင် ဦး(ခ)မောင်ကျော် (၃၅)နှစ်၊(ဘ)ဦးတင်ဦး၊ ဇော်ဇော်(၃၉)နှစ်၊ (ဘ)ဦးဖုန်းမြင့် နှင့် အင်းစိန်မြို့နယ်နေ ၀င်းကြည်(၃၀)နှစ်၊ (ဘ)ဦးလှညွန့်တို့(၃)ဦးအားတွေ့ရှိ ရှာဖွေခဲ့ရာ မောင်ဦး(ခ)မောင်ကျော်ထံမှ ငွေ ကျပ်(၁၄၅၀၀)ကိုတွေ့ရှိရပြီး ယာဉ်ပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ ၎င်းတို့(၃)ဦးအတူနှိုက်ယူရရှိခဲ့သောငွေ များဖြစ်ကြောင်းသိရှိရသဖြင့် လှိုင်သာယာမြို့မ ရဲစခန်း (ပ)၁၁၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ ၉.၈.၂၀၁၄ ရက်နေ့ ၀၇၅၀ အချိန်တွင် ရန်ကုန်-ညောင်တုန်းလမ်း၊ (၃)ထိပ်ကားမှတ်တိုင်၌ မှတ်တိုင်သို့ဆိုက်ရောက်လာသည့် (၁၂၅)လိုင်းကားပေါ်မှဆင်းလာသော လှိုင်သာယာမြို့နယ်နေ ခါး ပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ များဖြစ်သည့် နေလင်းဦး(၂၄)နှစ်၊ (ဘ)ဦးအောင်ကို၊ အောင်သူ (၂၂)နှစ်၊
(ဘ)ဦးအုန်းကျော်၊ မင်းသူရ(၂၆)နှစ်၊(ဘ)ဦးစောပန်းအေးနှင့် ကျော်စိုးသန်း (၃၃)နှစ်၊ (ဘ)ဦးမောင် လုံးတို့(၄)ဦးအား တွေ့ရှိရှာဖွေခဲ့ရာ ကျော်စိုးသန်းထံမှ SIM ကဒ်ပါ SAMSUNG-3G-KEY PART အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးနှင့် နေလင်းဦးထံမှ ငွေကျပ်(၁၃၀၀၀) တို့ကိုတွေ့ရှိရပြီး ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး၏ အကျီင်္အိတ်ကပ်အတွင်းမှ ၎င်းတို့(၄)ဦး အတူနှိုက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိသဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၁၁၀၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:

Post a Comment