Saturday, August 30, 2014

အရက်မူးပြီးရန်စစကားများရာမှလူသတ်မှုဖြစ်ပွား

တောင်ငူ၊ သြဂုတ်-၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အမှတ်(၁၉)ရပ်ကွက် တွင်သြဂုတ်၂၆ရက် ည၈နာရီမိနစ်၄၀ခန့်တွင် အရက်မူး ပြီးရန်စစကားများရာမှလူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။ဖြစ်စဉ်မှာတောင်ငူမြို့အမှတ်(၁၉) ရပ်ကွက် ယမုံနာ လမ်းနေ ကိုမင်းလွင်(၄၈)နှစ်သည်ရိပ်သာလမ်းထဲရှိ၎င်း၏ ထမင်းဆိုင်တွင်ရှိနေစဉ် ဆိုင်ချင်းကပ်လျက် ကုန်စိမ်းအရောင်းဆိုင် ဘက်မှ ကျော်ကြီး(ခ)ကျော်မျိုးဟန်(၃၀)နှစ်ဆိုသူကကိုမင်းလွင် အားအရက်သေစာသောက်စားပြီးရန်စနေသဖြင့်ကိုမင်းလွင် ကပြန်ပြောခဲ့ရာတွင်တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် စကားများခဲ့သည်။

စကားများနေစဉ် ကျော်ကြီး(ခ)ကျော်မျိုးဟန်က၎င်း၏ ဆိုင်အတွင်းမှအရိုးအသွား၂၄လက်မရှိကိုင်းခုတ်ဓားကို ယူပြီး ကိုမင်းလွင်ကိုခုတ်ခဲ့ရာ ကိုမင်းလွင်တွင်နှာခေါင်းပြတ်ရှဒဏ်ရာ၊ ယာပါး ပြတ်ရှပွင့်ထွက်ဒါဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ် ရှဒဏ်ရာ၊ ယာခြေသလုံးပြတ်ရှဒဏ်ရာ၊ ၀ဲဒူးပြတ်ရှဒဏ်ရာများ ရရှိခဲ့ ပြီး ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့စဉ်ရရှိသည့်ဒဏ်ရာများ ကြောင့် သေဆုံးသွားခဲ့သည်။

ကိုမင်းလွင်၏ဖခင်ဖြစ်သူဦးသန်းဝင်း(၅၄)နှစ် မြင်းဖြူ လမ်းအမှတ်(၁၉)ရပ် ကွက်နေသူမှာလည်းအခင်းဖြစ် ပွား ချိန်တွင် ၀င်ရောက်ဆွဲခဲ့ရာက ၀ဲ/ယာလက်ဖျံတွင် ပြတ်ရှဒဏ်ရာများ ရရှိသွားခဲ့၍ တောင်ငူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ ကျော်ကြီး(ခ)ကျော်မျိုးဟန်အား အခင်းဖြစ်သည့် ည ၁၁နာရီ တွင် ဖမ်းဆီးရမိခဲ့ပြီး ရဲစခန်းတွင်(ပ) ၄၂၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
ကိုလွင်(ဆွာ)
စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment