Friday, August 29, 2014

အမျိုးသမီး ဗိုလ်လောင်းတွေ ကျောင်းဆင်းပြီ

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း အပတ်စဉ် ၁ ကျောင်းဆင်းပွဲ (ဓာတ်ပုံ ခရက်ဒစ်- http://myawady.net.mm မှ ရယူ ပါသည်)
29 သြဂုတ်လ 2014
မြန်မာနိုင်ငံ ရဲ့ ပထမဆုံး ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း အယောက် ၁၀ဝ ရဲ့ အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ကို မှော်ဘီ အမှတ် ၁ ဗိုလ်လောင်း သင်တန်းကျောင်း မှာ ဩဂုတ် ၂၈ ရက်နေ့ တုန်းက ပြုလုပ်ခဲ့ပြီး၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် လည်း တက်ရောက် ခဲ့ပါ တယ်။

စစ်သင်တန်း ကာလ ၆ လ ကြာမြင့်ခဲ့ ပြီး၊ အုပ်ချူပ်ရေး ပိုင်းဆိုင်ရာ ပို့ချမှုတွေ လည်း ပြုလုပ်ပေးတယ် လို့ ဒီ သင်တန်း က ဆင်းလာသူ တစ်ဦးက ပြောပါတယ်။

သင်တန်း လွန်ကာလ မှာ စစ်ရုံးတွေ ရဲ့ ရုံးပိုင်းဆိုင်ရာ စီမံ ခန့်ခွဲရေး ဦးစီးအရာရှိ တွေ အဖြစ် တာဝန် ထမ်းဆောင် ကြရတော့မယ် လို့လည်း ဆိုပါတယ်။

ဂုဏ်ထူးတန်း ဘွဲ့ရကို ဒုဗိုလ် တစ်ပွင့် ပေးပြီး၊ ဘွဲ့လွန် မာစတာ ဘွဲ့ရကို နှစ်ပွင့် ချက်ခြင်း တပ်ပေးကြောင်း သိရပါတယ်။

စစ်တပ်သမိုင်း မှာ ဘွဲ့ရ အမျိုးသမီးတွေ ကို အခုလို ပထမဆုံး အကြိမ် ဗိုလ်သင်တန်း ခေါ်ယူတဲ့ အချိန်မှာ စိတ်ဝင်တစား လျှောက်ထား ခဲ့ကြသူ အယောက် ၅ထောင် ဝန်းကျင် ရှိခဲ့ပါ တယ်။

တပ်မတော် ဆေးတပ်ဘက် မှာ တော့ ဗိုလ်မှူးကြီး ရာထူး အထိ အမျိုးသမီးတွေ တာဝန် ထမ်းဆောင် ကြတဲ့ အစဉ်လာ ရှိနေပြီး၊ အခု ရုံး လုပ်ငန်း အုပ်ချူပ်ရေး ကဏ္ဍဍ အတွက် ခန့်အပ်လိုက်တဲ့ အမျိုးသမီး စစ်အရာ ရှိတွေ အတွက် ဘယ် ရာထူး အဆင့်လောက် အထိ မျှော်မှန်း နိုင်မှာလဲ၊ အမျိုးသားတွေ ကြီးစိုး လွှမ်းမိုးလေ့ ရှိတဲ့ ဝန်းကျင်မှာ အလွယ်တကူ လက်သင့်ခံ အသိအမှတ် ပြု ခံကြရမလား ဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်ကြောင်း သုံးသပ်သူ တွေ ရှိပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment