Monday, August 4, 2014

အမွှာကလေး၂ယောက် အဌားကိုယ်ဝန်ဆောင်ခဲ့ပေမယ့် ဥာဏ်ရည်အားနည်းတဲ့ ကလေးကို စွန့်ပစ်ခဲ့


DVB TV News

၀၄ သြဂုတ် ၂၀၁၄ ၆ လအရွယ် ဂမ်မီမှာ မွေးရာပါ ဥာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ ရောဂါ လက္ခဏာတွေရလို့ သြစတြေလျလူမျိုး မိဘအရင်းတွေက စွန့်ပစ်သွားခဲ့ပါတယ်၊ အခုတော့ ဂမ်းမီကို အငှားကိုယ်ဝန်ဆောင်ပြီး မွေးပေးခဲ့တဲ့ ပတ္တာရာမန် ဂျန်းဘူရီ ဆိုတဲ့ ထိုင်းမိခင်က စောင့်ရှောက်ထားပါတယ်၊ သြစတြေလျး ဇနီးမောင်နှံက သြစတြေးလျဒေါ်လာတသောင်းခြောက်ထောင် (အမေကန်ဒေါ်လာ ၁၅၀၀၀နီးပါး) ပေးပြီး အမွှာမောင်နှမကို အငှား ကိုယ်ဝန် ဆောင်စေခဲ့တာလို့ ဂျန်းဘူရီက ပြောပါတယ်။ "ကျမက ဆင်းရဲတော့ သူတို့ ပေးတဲ့ ငွေက အများကြီးပဲ" လို့ သူကဆိုပါတယ်။ ကိုယ်ဝန်လေးလမှာ အမွှာနှစ်ယောက်ထဲက ယောင်္ကျားလေးမှာ ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတဲ့ ရောဂါလက္ခဏာကို ဆရာဝန်တွေက စတင်တွေ့ရှိခဲ့ပါတယ်။ မနှစ် ဒီဇင်ဘာမှာ မီးဖွားတဲ့အခါမှာ သြစတြေးလျ ဇနီးမောင်နှံက သားဖြစ်တဲ့ ဂမ်မီကို ပစ်ထားခဲ့ပြီး ကျန်းမာတဲ့ သမီးကိုပဲ ယူသွားတယ်လို့ အငှားကိုယ်ဝန်ဆောင်တဲ့ ထိုင်းမိခင်က ပြောပြပါတယ်။ "ဒီကိစ္စက လူကြီးတွေရဲ့ အမှားပါ၊ ကလေးက ဘာမှ နားမလည်ဘဲနဲ့ ဒုက္ခခံရတယ်၊ တယောက်ကိုကျတော့ ယူပြီးတော့ တယောက်ကိုကျတော့ ဘာလို့ ပစ်ထားတာလဲ၊ ကလေးက ဘာဖြစ်လို့ ဒီလို ဒုက္ခတွေကို ခံစားရနေရတာလဲ၊ ကလေးကို မပစ်ထားနိုင်လို့ ကျမ မွေးထားတယ်။ ကျမ ချစ်တယ်။ ကိုးလရှိပြီးလေ၊ ကျမ ကလေးဖြစ်နေပါပြီ" သြစတြေးလျဝန်ကြိးချုပ် တိုနီ အပ်ဘော့ကလည်း ဂမ်မီရဲ့ ဇာတ်လမ်းကြောင့် စိတ်မကောင်းဖြစ်နေပါတယ်။ "ဒီကိစ္စမှာ မရိုးသားမှုတွေ ရှိမယ်လို့ ထင်တယ်၊ အင်မတန် စိတ်ထိခိုက်ရတဲ့ ဇာတ်လမ်းပါဗျာ၊ မစဉ်းစားချင်လောက်အောင်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကလေးတယောက်ကို ဒီလိုမျိုး စွန့်ပစ်ရက်ကြတယ်ဗျာ" သြစတြေးလျမှာ ဂမ်မီကို စောင့်ရှောက်ဖို့ လှုံ့ဆော်မှုတွေ အရှိန်ရနေပြီး သြစတြေလျငွေ တသိန်းကျော် (အမေရိကန်ဒေါ်လာကိုးသောင်းသုံးထောင်) ရရှိနေပြီလို့ သြစတြေလျ မီဒီယာ တခုက ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်အငှားဆောင်တာကို တင်းကျပ်နဲ့ စည်းကမ်းနဲ့ ခွင့်ပြုထားပေမယ့် အခကြေးငွေပေးပြီး အငှားကိုယ်ဝန်ဆောင်တာကိုတော့ ဥပဒေအရခွင့်ပြုမထားဘူးလို့ သိရပါတယ်။ ဒီဗီဘီ

0 comments:

Post a Comment