Tuesday, July 29, 2014

အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တရုတ် ဟက်ကာများ ရရှိထား

အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိရေး စီးနင်းထိုးဖောက်ကြိုးပမ်းရာတွင် တရုတ်ဟက်ကာများသည် ဂျူးကာကွယ်ရေး ကန်ထရိုက်တာ သုံးခု၏ အချက်အလက် များသိုလှောင်ရာ စနစ် (Data Base) အတွင်းသို့ စိမ့်ဝင်ထိုးဖောက်နိုင်ခဲ့သည်ဟု သိရသည်။
Iron Dome နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရယူခြင်းအပြင် ဟက်ကာများသည် လူမဲ့လေယာဉ်များ၊ ပဲ့ထိန်းဒုံးများ အပါအ၀င် အခြားပရောဂျက်များနှင့် ပတ်သက်သည့် အစီအစဉ်များကိုလည်း ခိုးယူနိုင်ခဲ့ကြသည်။

ထို့အပြင် Arrow III ဒုံးခွင်းဒုံးအတွက် ရုပ်ပုံကားချပ်များဖြင့် အသေးစိတ်ဖော်ပြချက်များကိုလည်း ရရှိခဲ့သည်။

ယင်းကဲ့သို့ စိမ့်ဝင်ထိုးဖောက်ခိုးယူမှုကို တရုတ်ဆိုက်ဘာတပ်သားများအဖွဲ့တစ်ခုဖြစ်သည့် Comment Crew က ၂၀၁၁ နှင့် ၂၀၁၂ အတွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု လွတ်လပ်သော ဂျာနယ်လစ် ဘရိုင်ယန်ခရက်ဘ် က ပြောကြားခဲ့သည်။
Yangon Media Group
Ref : RT

0 comments:

Post a Comment