Wednesday, July 30, 2014

ထိုင်းနိုင်ငံ၌ ပြုလုပ်သော လက်ရေးလှပြိုင်ပွဲတွင် မြန်မာကျောင်းသား ပထမဆုရ

ဘန်ကောက်။
ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ရာဇာ ၁၂နှစ်သည် ထိုင်းနိုင်ငံ မူလတန်းကျောင်း လက်ရေးလှပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ အမျိုးသားဘာသာ စကားနေ့ အထိမ်းအမှတ်အဖြစ်ပြု လုပ်သော စာရေးပြိုင်ပွဲတွင် မူလ တန်းအဆင့်၌ ထိုင်းကျောင်းသားများ အားလုံးကိုကျော်ဖြတ်ကာ ပထမ အဖြစ် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော ရာဇာသည် Arumetha ကျောင်း၌ တတိယတန်း(Grade-3)တွင် ပညာ သင်ကြားနေသ တစ်ဦးဖြစ်ပြီး အခြေခံ ပညာရေးကော်မရှင်က ရာဇာ၏ပထမဆုရရှိမှုကို ကြေညာခဲ့ခြင်းဖြစ် သည်။

အဆိုပါပြိုင်ပွဲသည် ကလေး သူငယ်နှင့် လူငယ်လူရွယ်များကို မိခင်ထိုင်းဘာသာစကား ကျွမ်းကျင် မှုနှင့် မှန်ကန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ရာဇာ၏ဆရာမဖြစ်သူ Saengarum Sonsaen က သူမကျောင်း သား ဆုရရှိ၍ ဝမ်းမြောက်ပျော်ရွှင် မိကြောင်းနှင့် ရာဇာသည် စာသင် ခန်းထဲ၌ အာရုံစူးစိုက်စွာ လေ့လာ သင်ကြားသူဖြစ်ပြီး လက်ရေးလည်း လွန်စွာလှသည်ဟုဆိုသည်။

ထို့ကြောင့်ပင် ရာဇာကို ကျောင်း ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ ခြင်းဖြစ်သည်ဟု ရာဇာ၏ ဆရာမ က ဆိုသည်။ ရာဇာသည် ၁ဝနှစ်အ ရွယ်တွင် ပထမတန်း (Grade - 1)ကို စတင်တက်ရောက်ခဲ့ပြီး ထိုစဉ်က ထိုင်းဘာသာစကားကို ကောင်းစွာ မရေးသားနိုင်ခဲ့ဟု သိရသည်။
Yangon Media Group

0 comments:

Post a Comment