Wednesday, July 2, 2014

ရခိုင်လူမျိုးများနေပျော်ရန် ဖော်ဆောင်ပေးရေးအဆို ရခိုင်အမတ်တစ်ဦးကန့်ကွက်

Thursday, July 3, 2014
နေပြည်တော်- ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလွှတ် တော်ကိုယ်စားလှယ်ဦးလှဆွေ၏   အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် ရခိုင်ပြည်နယ်ရှိ ရခိုင် လူမျိုးများနေပျော်အောင်အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့် ဖန်တီးဖော်ဆောင်ပေးရန်အဆို ကို ပြန်လည်ရုပ်သိမ်းပေးရန် ရ ခိုင်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးအုန်း တင်ကအမျိုးသားလွှတ်တော်သို့ တင်ပြခဲ့သည်။

ရခိုင်တိုင်းရင်းသားများ ရ ခိုင်ပြည်နယ်တွင် နေပျော်အောင် ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ ကွက် ပြီးဆောင်ရွက်ရမည်မဟုတ် ဘဲ အခြားသောမြန်မာနိုင်ငံသား တိုင်းရင်းသားများအတွက်ပါတစ် နိုင်ငံလုံးအ တိုင်းအတာဖြင့် မူဝါဒ ချမှတ်ဆောင်ရွက်ရမည်ဟုလည်း အဆိုကိုပြန်ရုပ်သိမ်းရန် တင်ပြရာတွင်ဦးအုန်းတင် က ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် သဘာဝရင်းမြစ်များကြွယ်ဝပြီးနိုင်ငံခြား တိုင်းပြည်များဖြင့် ရေကြောင်း၊ လေကြောင်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်သည့်အခွင့်အ လမ်းများရှိနေသော်လည်း ဖွံ့ဖြိုးမှု  နောက်ကျနေခြင်းမှာ ကျင့်သုံးခဲ့ သည့် နိုင်ငံရေးစနစ်ကြောင့်သာ ဖြစ်သည်ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးအုန်းတင် ကဆိုသည်။

ထို့အပြင် ရခိုင်တိုင်းရင်း သား  များ ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်း လုပ်သားများအဖြစ် သွားရောက် လုပ် ကိုင်ခြင်းမှာလည်း ရခိုင်ပြည် နယ်တစ်ခုတည်းကြုံတွေ့နေရ သည့် ပြဿနာမဟုတ်ဘဲ တိုင်းရင်း သားဒေသအားလုံး ကြုံတွေ့ နေရသည့်ပြဿနာဖြစ်သည်ဟု ဦးအုန်းတင်ကဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သစ်ကို တပ်မတော်မှလာသည့် သူအား ခန့်အပ်သည့်အချိန်တွင်ယခုကဲ့ သို့အဆိုမျိုး   တင်လာ သည်မှာ အချိန်ကိုက်ဖြစ်နေသည်ကို သတိပြုဖွယ်တွေ့ရှိရသည်ဟု လည်း ရခိုင်အမျိုးသားပါတီခေါင်း ဆောင်တစ်ဦးဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာအေးမောင်ကပြောသည်။

ရခိုင်ပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာအေးမောင်ကလည်း ယင်းအ ဆိုကိုထောက် ခံခြင်း၊ ကန့်ကွက် ခြင်းမပြုလုပ်ဘဲ လွှတ်တော်တွင် ၀င်ရောက်ဆွေးနွေးခြင်းပြုလုပ်ခဲ့ သည်။

ပြီးခဲ့သည်အပတ်က ကျင်းပ ခဲ့သည့် အမျိုးသားလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးလှဆွေက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရန်မျိုးနိုင်
7Day Daily

0 comments:

Post a Comment