Monday, July 14, 2014

ဂိုးသွင်းခွင့်များဖြုန်းတီးခဲ့သည့် တိုက်စစ်မှူးများကို မက်ဆီပြစ်တင်

ဘရာဇီး၊ ဇူလိုင် ၁၄
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် မက်ဆီက ဂိုးရှေ့တွင် အခွင့်ရေးများဖြုန်း တီးခဲ့ကြသည့် အာဂျင်တီးနားတိုက်စစ်မှူးများကို ပြစ်တင်ဝေဖန်လိုက်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီသည် ဗိုလ်လုပွဲတွင် တိုက်စစ်မှူး ဟီဂူအင်၊ ပလာစီယို တို့ရရှိခဲ့သည့် အခွင့်ကောင်းများ လက်လွှတ် ခံရမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်းအနေဖြင့် ဂိုးမသွင်းနိုင် သည့် အကျိုးဆက်အဖြစ် အချိန်ပို၌ ဂျာမနီမှ ဂေါ့တ်ဇီ၏ ဂိုးသွင်းယူခင်းခံရကာ အရေးနိမ့်ခဲ့ရသည်။

အာဂျင်တီးနားက ပိုကောင်းပြီး အခွင့်အရေးများကို အသုံးချနိုင်သင့်သည်ဟု မက်ဆီက ယုံကြည် နေသည်။
"ကျွန်တော်တို့ ဆီမီးအဆင့်ကိုမရောက်တာ နှစ်အတော်ကြာပြီဖြစ်ပြီး ဗိုလ်လုပွဲတက်အောင် ကစားခဲ့တာက ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုအောင်မြင်ဖို့ထိုက်တန်ခဲ့တယ်။ ကျွန်တော်တို့ဘာလို့
ဝမ်းနည်းနေကြတာလည်း ဆိုတာ ဒါကြောင့်ပါပဲ။ ကျွန်တော်တို့ရတဲ့ အခွင့်အရေးတွေကို တိုက်စစ်မှူးတွေ လွဲခဲ့ကြတယ်။ ဖလားမရခဲ့လို့၊ ပရိသတ်တွေအတွက်ယူမပေးနိုင်ခဲ့လို့ ကျွန်တော်တို့အားလုံး ခံစားရတယ်။
နာကျင်ရတာက နည်နည်း နိုင်ငံအတွက်ပြောင်းလဲပေးနိုင်မယ့် ဖလားရဖို့ အရမ်းနီးစပ်ပြီးမှ လုပ်မပေးနိုင်လို့ ခံစားရတာက များများ ဖြစ်ပါတယ်"ဟု မက်ဆီက ပြောသည်။

ဆက်လက်၍၎င်းက ဂျာမနီအသင်းသည် ဆီမီးပွဲစဉ်ကို အာဂျင်တီးနားထက် တစ်ရက်စောကစားခြင်းကြောင့် အနားယူချိန် တစ်ရက် ပိုရခြင်းက ဗိုလ်လုပွဲတွင်အချိန်ပိုဆက်ကစားရသည့်အခါ အကျိုးဖြစ်စေခဲ့ကြောင်းနှင့်
ကမ္ဘာ့ဖလားဗိုလ်လုပွဲလို အဆင့်မျိုးတွင် တစ်ရက်ပို နားရက်ရခြင်းက အခြားပြိုင်ပွဲများနှင့် ကွာခြားကြောင်း ပြောသည်။
ဝေဘုန်းလူ
Mizzima Sport News

0 comments:

Post a Comment