Monday, July 21, 2014

ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတာပါ

သတင်းဓါတ်ပုံ-Saw Phoe Kwar

တတ်စွမ်းသရွေ့ လှူဒါန်းကြရန်နိုးဆော်ပါသည်။ တကယ့်လိုအပ်ချက်ဖြည့်ဆည်းပေးကြပါ။

အဲဒီကျောင်းမှာ ကျောင်းထိုင် ကျောင်းအုပ်ဆရာတော်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ ဥူးသုမနတဲ့။ အသက် ၁၉နှစ်နဲ့ BA ဘွဲ့တစ်ခုကိုယူပြီးကတည်းကသာသနာ့ဘောင်ထဲဝင် လာတာခုဆို ဝါတော် ၁၀ နှစ်နီးပါးရှိပါပြီတဲ့။

အဲဒီကျောင်းလေးက ပဲခူးရိုးမ အနောက်ခြမ်းကြို့ပင် ကောက်မှာရှိတဲ့ သိခ်ရိုင်မိဘမဲ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းလေး။ ကြို့ပင်ကောက်မြို့ပေါ်ကနေအနောက်ဘက် ၁၈မိုင်လောက်တောင်တတ် လမ်းကြမ်းခရီးကို ဆက်သွားရသေးတယ်။ အဲ့ဒီကျောင်းလေး ဖွင့်ထားတာ ၂၀၀၉ ခုနှစ်ကတည်းကဖြစ်ပေ မယ့်၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းမှ အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ်သတ်မှတ်ပေးခဲ့တယ်။ အဲ့ဒီကျောင်းလေးမှာ ကျောင်းသားဦးရေ ၂၁၆ ယောက်ရှိတယ်။မိဘမဲ့ကလေးကအယောက် ၈၀ ကျော် ရှိပြီး လာစွန့်ပစ်သွားတဲ့တိုင်းရင်းသားကလေးတွေလည်းရှိတယ်။

နို.့စို့အရွယ်ကလေး လေးယောက်ရှိတယ်။ဆယ့်တစ်ရက်(ကျနော်သွားတုန်းက)သားလေး ကိုတော့ လူဌားနဲ့ ထိန်းခိုင်းထားတယ်။ လူဌားခတစ်လ နှစ်သောင်းပေးရတယ်။ ကျန်တဲ့နို့စို့ကလေးတွေကိုတော့ ဥူးဇင်းတွေ နဲ့ ကျောင်းဆရာတွေထိန်းကြတယ်။ ကလေးတွေ အစားအသောက်ကမနက်ပိုင်းကိုပဲပြုတ် ညပိုင်းမှာအသား တုနဲ့ ငါးခြောက်ကျော် တစ်မျိုးမျိုးကျွေးတာပာာ တစ်ရက်ကို ၆ သောင်းတစ်လကို ၁၈ သိန်း ကုန်ကြတယ်။


ပရဟိတအဖွဲ့တစ်ချို့လာရောက်လှူဒါန်းတာ ရှိပေမယ့်ကျောင်းကဝေးလို့ သိပ်ပြီးတော့ အလှူရှင်တွေ မရောက်ကြဘူး။ မိုးတွင်းဆိုကလေးတွေရဲ့အစားအသောက် အတွက်အခက်အခဲအများကြီးဖြစ်ရ တယ်။ ကျောင်းအုပ်ဆရာတော်က တရားပွဲတွေလိုက်ပောာလို့ရလာတဲ့ ပူဇော်ကြေးနဲ့ ကလေးတွေ ကို ကျွေးမွေးရတယ်။ ကျောင်းပိုင်ဆရာတော်ကလည်း ငယ်စဉ်ကတည်းက မိဘတွေကကျောင်း မထားပေးနိုင် လို့သူများကျောင်းထားပေးရာကကြီး လာရတာဖြစ်တဲ့အတွက်သူ့လိုပဲ ကလေးတွေ ကျောင်း စာမတတ်ရမရှိလေအောင် ရည်ရွယ်ပြီး ဒီကျောင်းလေးကိုလုပ်နေတာပါတဲ့။


အလှူရှင်မလာရင် အကြွေးတွေတင်ပြီးအလှူရှင်လာမှပြန်ဆပ်ရတယ်တဲ့။သွားရလာရတာလည်းခက်ခဲတော့ အလှူရှင် လည်းသိပ်မရောက်ဘူးလေ။စာရေးကိရိယာနဲ့ ကလေးတွေရဲ့ အဝတ်အစားအတွက်လည်း အခက်အခဲရှိပြန်ပါတယ်။ ကျောင်းကမူလတန်းထိပဲတတ်လို့ ရတာမို့ အလယ်တန်းကျောင်းသားတွေ ကကြို့ပင်ကောက် မြို့ပေါ်သွားတတ်ရတယ်။ အလယ်တန်းကျောင်းသားတွေကျောင်းသွားတတ်ဖို့ ဥူးဇင်းတွေကမနက် ၂နာရီလောက်ကတည်းက ထမင်းထချက်ရပြီး ကျောင်းသားတွေကိုထည့်ပေး လိုက်ရတယ်။

ကျောင်းသားတွေကို အဝတ်ကအစ မိဘတွေလိုပဲ ဘဆရာတွေဥူးဇင်းတွေက လျှော်ပေးရတယ်။ ဆရာ သုံးယောက်ကိုတော့ တစ်လ လေးသောင်းစီနဲ့ ငှါးထားတယ်။ စားဝတ်နေရေးပါ ဆရာတွေကိုဆင်ပေး ရတယ်။ ကျောင်းသားတွေရဲ့ ဖျားရေးနာရေးအတွက်တော့ ဆရာတော်ကပဲဆေးမြီးတိုနဲ့ကူုပေးရပါသတဲ့။ အခုတောင် ကျောင်းသားက နှစ်ရာကျော်ရှိနေပြီမို့နောက်ထပ်ကျောင်းသားတွေ ထပ်များလာရင် ရပ်တည်နိုင်ရေးအတွက်ကို ဆရာတော်တွေက နည်းလမ်းရှာဖွေနေကြတယ်။

ဆက်သွယ်လှူဒါန်းလိုလျှင်
ဥူးသုမနဖုန်း ၀၉ ၄၃၁ ၅၆၆၃၂

သတင်းဓါတ်ပုံ-Saw Phoe Kwar

0 comments:

Post a Comment