Tuesday, July 8, 2014

သက်ဆိုင်ရာ ဗလီဆရာတွေပဲ တရားဟောရမယ်

သက်ဆိုင်ရာ ဗလီဆရာ တွေပဲ တရားဟော ရမယ်လို့ ကန့်သတ် တာဟာ မှန်တယ်လို့ ယူဆ
8 ဇူလိုင်လ 2014
မန္တလေးမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေ အတွင်း ဗလီနဲ့ မဆိုင်တဲ့ တရားဟောဆရာ တယောက်ကနေ ဗလီ တခုမှာ လှုံ့ဆော် ဟောပြောခဲ့လို့ဆိုပြီး ခုဆိုရင် ဗလီတွေမှာ ဂေါပကရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ တရားဟော ဆရာပဲ ဟောရမယ်လို့ အိုလမာ အစ္စလာမ် သာသာနာပြု အဖွဲ့က တားမြစ်လိုက်ပါတယ်။

အပြင်ကနေ ရောက်လာပြီး ဗလီတွေမှာ လူငယ် တွေကို သွေးထိုး လှုံ့ဆော်ခဲ့ပြီး၊ ပဋိပက္ခ ဖြစ်တဲ့ အချိန် မှာတော့ အဲဒီလူတွေ မရှိတော့ကြောင်း ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ မန္တလေးရဲ့ ဒုဥက္ကဌ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးသိန်းဝင်းအောင်က ပြောပါတယ်။

အခုလို သက်ဆိုင်ရာ ဗလီဆရာ တွေသာ တရားဟော ရမယ်လို့ ကန့်သတ်ချက် လုပ်တာ ဟာလည်း မှန်တယ်လို့ ယူဆကြောင်း သူက ဆက်ပြော ပါတယ်။ဒါဟာလည်း အစ္စလာမ် သာသနာပြု အဖွဲ့က ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာ မန္တလေးရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်နေပြီ ဖြစ်တယ်လို့လည်း ဦးသိန်းဝင်းအောင် က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment