Sunday, July 27, 2014

တက္ကစီယာဉ်မောင်းအား ခရီးသည်အမျိုးသားနှစ်ဦးက ပြန်ပေးဆွဲခြိမ်းခြောက်ငွေတောင်းမှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂၅- ရုပ်ရှင်ဇာတ်လမ်းဆန် ဆန် တက္ကစီယာဉ်မောင်းတစ်ဦးအား ခရီး သည်လူငယ် အမျိုးသားနှစ်ဦးက ပြန်ပေးဆွဲ ပြီးခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်ရပ်တစ် ခုကို မရမ်းကုန်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၁ ရက်က မရမ်းကုန်း မြို့နယ် ဝေဇယန္တာလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ဦး တိုးနိုင်သည် ပရို ဘောက်စ်အဖြူရောင်အငှားယာဉ်အား မောင်းနှင်လာပြီး ရေကူး အသံလွှင့်ရုံရှေ့ အ ရောက်တွင် အမည်မသိလူငယ်နှစ်ဦးက မြေနီ ကုန်းသို့သွားမည်ဟုပြောဆိုကာ ငွေကျပ် ၃၅ဝဝဖြင့် ငှားစီးလာခဲ့ပြီး ယင်းနောက် မရမ်း ကုန်းမြို့နယ် သဇင်ရုံလမ်းအရောက်တွင် ကားပေါ်ပါလူငယ်နှစ်ဦးက လက်ထဲတွင် ဝက်အူလှည့်တစ်ယောက်တစ်ချောင်းစီကိုင် ပြီး ဦးတိုးနိုင်၏ရင်ဘတ်ရှေ့နှင့် နောက်ကျော ကိုထောက်ကာ ပါလာသောငွေများအား အကုန်ထုတ်ပေးရန် ခြိမ်းခြောက်ငွေတောင်း ခံခဲ့ကြသည်။

ယင်းအတွက် ယာဉ်မောင်း ဦးတိုးနိုင်က ပါလာသောငွေကျပ် ၃ဝဝဝဝကျော် ခန့်ကိုထုတ်ပေးလိုက် ပြီးနောက် ယင်းလူ ငယ်နှစ်ဦးက ငွေကျပ်နှစ်သိန်းပေးရန် ထပ်မံ ပြောဆိုသဖြင့် ဦးတိုးနိုင်မှာ ဇနီးဖြစ်သူထံ သို့ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကျပ်နှစ်သိန်း ဖြင့် သာကေတမြို့နယ် ယုဇနလမ်းပေါ်သို့ လိုက်လာရန်ချိန်း ဆိုခဲ့သည်။

ဦးတိုးနိုင်မှာ ကားနှင့်အတူသာ ကေတလမ်းမပေါ်သို့အရောက်တွင် ဇနီးဖြစ် သူနှင့်အတူ ယောက္ခမနှင့်ယာဉ် ပိုင်ရှင်တို့ မှာ သာကေတမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင် များနှင့်အတူရောက်ရှိလာပြီး ခြိမ်းခြောက် ငွေတောင်း သည့်လူငယ်နှစ်ဦးအား ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြပြီး လူငယ်နှစ်ဦးအနက် လှမိုး သူ(ခ)ဇော်မိုး ၂၂ နှစ် ပန်းရန်လုပ်သားဖြစ် သူအား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရုတ်ကြီး (ခ)ပြောင်ကြီး(ခ)စိုးမင်းထွန်း ၂၅ နှစ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ လှမိုးသူ(ခ) ဇော် မိုးမှာ မြောက်ဥက္ကလာ (၁)ရပ်ကွက် ဆုံစည်း ရာသမကွင်း သော်ကလမ်း တွင်နေထိုင်သူ ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ တ ရုတ်ကြီး(ခ)ပြောင်ကြီး(ခ)စိုးမင်းထွန်းမှာ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် အုတ်ပုံဆိပ် လမ်း နဝဒေးကုန်းထိပ် စည်ပင်ဝင်းတွင်နေ ထိုင်သူများဖြစ် ကြကြောင်း သိရသည်။

ယင်းသို့ခြိမ်းခြောက်ငွေတောင်း ခံသူနှစ်ဦးအပေါ် အရေးယူပေးရန် ဦးတိုး နိုင်က တရားလိုပြုလုပ်တိုင်းတန်း သဖြင့် မရမ်း ကုန်းမြို့မရဲစခန်းမှ (ပ)၂၆၄/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် ဇူလိုင် ၂၂ ရက်တွင် အမှု ဖွင့်ပြီး ဖမ်းဆီးမိသူအားစစ်ဆေးလျက်ရှိပြီး ထွက်ပြေးနေသူဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သော်ဇင်ထက်
Yangon Media Group
https://www.facebook.com/yangonmediagroup?fref=nf

0 comments:

Post a Comment