Thursday, July 24, 2014

ခြင်းဆေးခွေနှင့်ပတ်သက်သည့် သတိပေးချက်



ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှနည်းလမ်းမျိုးစုံဖြင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော အဆိပ်ရှိ ပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ကျင်းထုံခြင်ဆေးခွေများ ဝင်ရောက်လျက်ရှိပါသည်။ ၎င်းခြင်ဆေးခွေ များအား ပြည်သူများသုံးစွဲခြင်း မပြုကြရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နေ့စဉ်ထုတ် သတင်းစာများတွင် အသိပေးထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကျင်းထုံခြင်ဆေးခွေအမည်ဖြင့် မည်သည့်ခြင်ဆေးခွေကိုမျှ ပိုးသတ်ဆေး ဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်တွင် တွေ့ရှိရသော ကျင်းထုံတံဆိပ် ခြင်ဆေးခွေနမူနာများကို စစ်ဆေး ခဲ့ရာတွင် ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေများပေါ်တွင် ဖော်ပြထားသော အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ၀.၀၈%သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော အများဆုံးပါဝင်ရမည့် ပမာဏ ၀.၀၄%ထက် ပိုမိုပါဝင်နေသဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကို များစွာထိခိုက် စေပါသည်။

တရားမဝင်တင်သွင်းလာသော အခြားခြင်ဆေးခွေများကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းတွင် စစ်ဆေး လျက်ရှိပါ သည်။ ခြင်ဆေးခွေ တင်သွင်းရောင်းချသူများအနေဖြင့် တင်သွင်းလာသော ခြင်ဆေးခွေတွင် အဆိပ်ရှိပစ္စည်း ပါဝင်မှုစစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို သီးနှံကာကွယ်ရေးဌာနခွဲသို့ ဆက်သွယ်ဆောင် ရွက်နိုင်ပါသည်။

သို့ဖြစ်ပါ၍ တရုတ်ပြည်မှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ယင်းကျင်းထုံခြင်ဆေးခွေ များကို သုံးစွဲခြင်းမပြုကြရန်နှင့် တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးမှုများကို တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထပ်မံ သတိပေးကြေညာအပ်ပါသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
MOI Webportal Myanmar

0 comments:

Post a Comment