Wednesday, July 2, 2014

ဦးဆန်းဆင့်က ဘဏ္ဍာငွေအလွဲသုံးစား မလုပ်ခဲ့ကြောင်း ပြော

Photo Google

ဦးဆန်းဆင့်ဟာ ယနေ့ နံနက် ၁၀း၃၀ ၀န်းကျင်က နေပြည်တော် ပုဗ္ပသီရိ တရားရုံးမှာ ရမန်လာယူပါတယ်။

ရမန်ယူပြီးနောက် ဦးဆန်းဆင့်ကမီဒီယာတွေကိုပြောကြားရာမှာ နိုင်ငံတော်ကစွဲဆိုထားတဲ့ ဘဏ္ဍာငွေအလွဲ သုံးစားကို မလုပ်ခဲ့တာ သစ္စာဆိုဝံ့ ကြောင်း၊ ရပ်တည်ချက်မှန်ကန်ပေမယ့် သမ္မတအမိန့် ကိုမနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ကြောင်း၊ ဖြစ်ပြီးတဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော်ကို အရေးယူမယ်လုပ်တာဟာ အလွန်ပဲ မတရားလုပ်တယ်လို့ သုံးသပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သာသနာရေးက ဆရာတော်တွေကို စစ်ဆေးတဲ့အခါ မှန်မှန်ကန်ကန် ရပ်တည်ပေးမယ်လို့  ထင်မြင်ကြောင်းလည်းပြောခဲ့ပါတယ်။

ရုံးချိန်းကို ဇူလိုင်၁၇ ရက်နေ့ သတ်မှတ်လိုက်ပါတယ်။
ချိုဇင်မာဝင့်
Kumudra

0 comments:

Post a Comment