Sunday, July 27, 2014

သာကေတမြို့နယ်၊ (၁)ဈေးအတွင်းရှိ ဖိနပ်ဆိုင်မှစတင်၍ မီးလောင်

ရန်ကုန်၊ ဇွန် ၂၇
၂၆.၇.၂၀၁၄ ရက်နေ့ ညနေ ၅နာရီတွင် သာကေတမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ ဇင်္ဂမလမ်း၊ အမှတ်(၁)ဈေးအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ သွားရောက်စစ်ဆေးခဲ့ပါသည်။

အဆိုပါဈေးအတွင်းရှိ ဆိုင်ခန်းအမှတ်(၂၀)တွင်ဖွင့်လှစ်ထားသော ပိုင်ရှင်ဖြစ်သူ ဦးအောင်နိုင်စိုး၏ ဖိနပ် အရောင်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း(၃၉) ခန်း မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးသတ်ယာဉ်များနှင့် ပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၅နာရီ ၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်ရာသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ပြီး လောင်ကျွမ်းရသည့် အကြောင်းအရင်းအား စစ်ဆေး လျက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၉၁)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါပုံမြို့နယ်နေ ဦးအောင်နိုင်စိုး၊ (၃၂)နှစ်အား သာကေတ မြို့မရဲစခန်း(ပ)၃၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police



0 comments:

Post a Comment