Monday, July 14, 2014

မင်းသမီး ကန်ဆိုးရာ ယာဉ်မတော်တဆမှုဖြစ်

မင်းသမီး ကန်ဆိုးရာသည် ဇူလိုင် ၁၂ ရက်က ရုပ်ရှင်ရိုက်ကွင်းသို့ အလာတွင် အသေးစား ယာဉ်မတော် တဆမှုတစ်ခု ဖြစ်ပွါးခဲ့သည်ဟု ၎င်း၏ ကိုယ်စားလှယ်က MBV Star သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု K pop သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ယာဉ်တိုက်မှုက အသေးအဖွဲပါ၊ ကန်ဆိုးရာကို ဆေးရုံမှာ ကုရလောက်အောင်တော့ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ကြောက်လန့်တုန်လှုပ်သွားတာတော့ အမှန်ပဲ၊ လည်ပင်းမှာ နာသွားလို့ လည်ဒေါက်ထောက် ထားရတယ်၊ ချွတ်လိုက်တပ်လိုက်တော့ လုပ်လို့ရပါတယ်။”ဟု ၎င်း၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ကန်ဆိုးရာ လည်ပင်းဒေါက်ကြီးနဲ့ ရောက်လာတော့ ကျွန်တော်တို့အားလုံး အံအားသင့်သွားကြတယ်။ "သိပ်မထိခိုက်ဖူး ဆိုပေမယ့် လည်ပင်းနာနေတယ်လို့တော့ ပြောတယ်။ ကံကောင်းတာက ရုပ်ရှင်ရိုက် ကူးရေးကို မထိခိုက်ဘူးလေ၊ သူမကို ကြည့်ရတာ လန်းဆန်းတောက်ပနေပြီး ရုပ်ရှင်ရိုက်ရာမှာလဲ စိတ်ပါလက်ပါနဲ့ ရှိနေဆဲပါ”ဟု Doctor Stranger ရုပ်ရှင်အဖွဲ့သားများကလည်း ထပ်လောင်းပြော ဆိုခဲ့ကြသည်။

ကန်ဆိုးရာသည် အဆွေးဇာတ်လမ်းများ ရိုက်နေရခြင်းကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေချိန်တွင် ယခုကဲ့ သို့ ဖြစ်သွားခြင်းကြောင့် အနည်းငယ် ဆိုးရွားသွားသည်ဟု ထင်ရသော်လည်း ၎င်းတွင်နောက်ထပ် ထပ်မံ၍ ထိခိုက်စရာမရှိနိုင်ဟု ယူဆရကြောင်း ထပ်မံပြောကြားသည်။
Mizzima - News in Burmese

0 comments:

Post a Comment