Tuesday, July 29, 2014

အစ္စရေးတွေနဲ့ အပစ်အခတ်ရပ်ဖို့ အကြံပြုချက်အပေါ် ဟားမက်အဖွဲ့ က ပယ်ချ

လူ ၄၃ ယောက်သေပြီး UN ကျောင်းဗုံးထိမှန်ခဲ့တဲ့ Gaza တိုက်ပွဲ

ဂါဇာဒေသမှာ အစ္စရေးတွေနဲ့ အပစ်အခတ်ရပ်ဖို့ အကြံပြုချက်အပေါ် ဟားမက်အဖွဲ့ လက်နက်ကိုင် တပ်စွယ်ရဲ့ အကြီးအကဲ Mohammad Deif က ပယ်ချလိုက်ပြီး အသေအကြေ တိုက်ခိုက်သွားမယ် လို့ ဆိုပါတယ်။

ဂါဇာဒေသက ဓာတ်အားပေးရုံကြီး မီးလောင်ပျက်စီးပြီး အဆုံးအရှုံးတွေ အများအပြား ကြုံတွေ့ခဲ့ရပြီးနောက် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ခုထိ သေဆုံးမှု စုစုပေါင်း ၁၂၀၀ ကျော် သွားပြီ လို့ ဂါဇာ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေ အများစုဟာ အရပ်သားတွေ ဖြစ်ကြပြီး ပါလက်စတိုင်း ၆၇၀၀ လောက် ဒဏ်ရာရထားတယ် လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန အရ သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့က အပစ်အခတ်တွေကြားမှာ အစ္စရေးတပ်သားတွေ ၅၃ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး နဲ့ ထိုင်းလူမျိုး အလုပ်သမား တစ်ဦးလည်း ပါဝင်ပါတယ်။
BBC Burmese

0 comments:

Post a Comment