Thursday, July 10, 2014

မလေးရှားတွင် သုံးရက်အတွင်း မြန်မာနှစ်ဦး အသတ်ခံရ

ဇူလိုင် ၉ ရက်က ကိုတိုနီနာရေးတွင် ကွာလာလမ်ပူနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်ကို တွေ့ရစဉ်
နာကူအသင်းဥက္ကဋ္ဌ ထပ်မံအသတ်ခံရခြင်းဖြစ်ပြီး နှစ်ဦးစလုံးသည် မြန်မာလုပ်သားများကြား ထင်ရှားသူများဖြစ်

Thursday, July 10, 2014
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများ နာရေးကို ကူညီ ဆောင် ရွက်ပေးနေသော ကွာလာလမ်ပူနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်းမြို့၊ မန်ချူးချိုင့်၌ အသတ်ခံရကြောင်း သတင်းရရှိသည်။

အသတ်ခံရသော ကွာလာ လမ်ပူနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်သည် မလေးရှား နိုင်ငံတွင် တရားမဝင်နေထိုင် သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူဖြစ်သည်။

ဇူလိုင် ၇ ရက်ကလည်း  ၎င်းကဲ့သို့ပင် ကိုတိုနီဆိုသူ အသတ်ခံရ ၍ ယင်းမှာတရားမဝင်နေထိုင်သော မြန် မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူနှစ်ဦး သုံးရက်အတွင်း ဒုတိယအကြိမ် အသတ်ခံရခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သော မြန်မာနိုင်ငံ သားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေး ရာတွင် နာမည်ကြီးသော ကိုတိုနီသည် ဇူလိုင် ၇ ရက်က ပီနန်မြို့တော် ဘတ်တာဝပ်မြို့ ၌ အသတ်ခံခဲ့ ရသည်။

ယခု ဦးမျိုးပိုင် ထပ်မံအသတ်ခံရခြင်းကြောင့် မလေးရှားနိုင်ငံရောက် မြန်မာများကို ကူညီပေး နေသူ အချို့သည် မြန်မာသံရုံးသို့ ချက်ချင်းသွားရောက်ပြီး သံရုံးအနေဖြင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးမျိုးပိုင်သည် ဇူလိုင် ၇ ရက်က အသတ်ခံရသော ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သင်္ဂြိုဟ်ရာ၌ လိုက်လံပို့ဆောင် ပေးခဲ့သေး ကြောင်း ဦးမျိုးပိုင်၏မိတ်ဆွေဖြစ်သူ တစ်ဦးက အတည်ပြုပြောကြားသည်။

‘‘အခုအနေအထားက အရမ်းကြောက်ဖို့ကောင်းတဲ့ အနေအထားဖြစ်နေတယ်။ မလေးရှား မှာနေတဲ့ တရားမဝင်သူတွေကို ပြန်ပို့ပေးတဲ့သူ နှစ်ယောက် အသတ်ခံလိုက်ရတယ်။ တစ်ခုခုလုပ်ဖို့ အခုတိုင် ပင်နေကြပါတယ်’’ဟု ၎င်းက ပြောသည်။

ဦးမျိုးပိုင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ လုံခြုံရေးအ ခြေအနေအ တွက် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းထံ ဆက်သွယ်မေးမြန်းသော် လည်း အဆက်အသွယ် မရရှိခဲ့ပေ။

 ဦးမျိုးပိုင် အသတ်ခံရမှုကြောင့် ကွာလာလမ်ပူမြို့တွင်နေထိုင်သော မြန်မာနိုင်ငံသားများသီတင်းနှစ်ပတ် တိတိ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရန်အချင်းချင်း ညှိနှိုင်းတိုက်တွန်းထားကြောင်း သိရသည်။
ငြိမ်းချမ်း
7Day Daily

0 comments:

Post a Comment