Thursday, July 17, 2014

ရပ်ထားသောယာဉ်ကိုတိုက်မိ၍ ယာဉ်မောင်း သေဆုံးပြီး ခရီးသည် (၄)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၇
၁၆.၇.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းအတိုင်း တောင်မှမြောက်သို့ သန်လျင်မြို့နယ်နေ ယာဉ်မောင်း မင်းနောင်ထွေး (၃၀)နှစ် မောင်းနှင်လာသော 3A---ဒိုင်နာ (၄၉)ယာဉ် လိုင်းခရီးသည်တင်ယာဉ်သည် သင်္ဃန်းကျွန်းမြို့နယ်၊ အိပ်ချိန်းရုံးရှေ့အရောက် လမ်း၏ ဝဲဘက်ခြမ်းတွင် ရပ်ထားသော 2G---ISUZU ယာဉ်ကိုပွတ်တိုက်မိပြီး အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့ ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မင်းနောင်ထွေးမှာ ဦးခေါင်းပေါက်ပြဲ၊ ဝဲတင်ပါးပွန်း၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ကျား (၄)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ပြင်ပလူနာ များအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ မင်းနောင်ထွေး (သေဆုံး)အား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:

Post a Comment