Tuesday, July 22, 2014

သမ္မတ၏ ပညာသင်ဆု အတွက် ၀န်ကြီးများ၏ လစာ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ရ

ယခုနှစ် အခြေခံ ပညာကို ထူးချွန်စွာ အောင်မြင်သူများကို ရွေးချယ်ပြီး နှစ်သက်ရာ နိုင်ငံရှိ နှစ်သက်ရာ တက္ကသိုလ်တွင် တက်ရောက်စေနိုင်မည့် သမ္မတ၏ ပညာသင်ဆုအတွက် ရန်ပုံငွေ ရရှိရန် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၏ လစာထဲမှ ၂၅ရာခိုင်နှုန်းကို လစဉ်ထည့်ဝင်ရမည် ဖြစ်ကြောင်း အမည်မဖော်လို ပြည်ထောင်စု ၀န်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စု ၀န်ကြီးတစ်ဦး၏ လစာမှာ ကျပ်သိန်း ၃၀ဖြစ်သဖြင့် လစဉ်လစာ၏ ၂၅ရာ ခိုင်နှုန်းဖြစ်သော ကျပ် ၇၅၀၀၀၀ (ကျပ် ခုနှစ်သိန်းငါးသောင်း)ကို သမ္မတ၏ ပညာသင်ဆု ရန်ပုံငွေသို့ ထည့်ဝင်နေရကြောင်း သိရသည်။ ဒုတိယ ၀န်ကြီးများမှ လစာ ကျပ်သိန်း ၂၀ရသဖြင့် လစဉ် ကျပ် ၅သိန်း ထည့်ဝင်ကြရသည်။ အဆိုပါ ပညာသင်ဆု အတွက် ရွေးချယ်မည့် အဖွဲ့မှာ ပြင်ပမှ ပညာရှင်များ ပါဝင်သည့် အဖွဲ့က ရွေးချယ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ် အသီးသီးအတွက် အထူးချွန်ဆုံး ထိပ်သီး ကျောင်းသား ကျောင်းသူများကို ရွေးချယ်သွားမည် ဖြစ်သည်။ လျှောက်ထားသူများသည် မိမိ တက်ရောက်လိုသည့် တက္ကသိုလ်ကို ကိုယ်တိုင် ရွေးချယ်ခွင့်လည်း ရရှိမည်ဟု သိရသည်။
Tomorrow

0 comments:

Post a Comment