Sunday, July 27, 2014

အချုပ်ခန်း ဖောက်ပြေးမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သုံးဦးသေဆုံး

ရှမ်းပြည်နယ် ကျောက်မဲရဲစခန်း၌ တရားခံခုနစ်ဦးက အချုပ်ခန်းအား ဖောက်ဖျက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သေနတ်ဖြင့်ပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီးခဲ့ရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၂၇ ရက်တွင် စုံစမ်းသိရှိရသည်။

ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မရဲစခန်းရှိ ကျားအချုပ် ခန်း အမှတ် (၂)အတွင်းသို့ တာဝန်ကျ ရဲတာဝန်ရှိသူများက စောင်ထုပ်များကို အချုပ်ခန်းတံခါးဝမှ သွင်းပေး စဉ် တရားခံခုနစ်ဦးသည် အတင်းတွန်းထွက်၍ အချုပ်သားတစ်ဦးက ရဲတစ်ဦးအား လက်သီးဖြင့်ထိုး ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထိုးကြိတ်မှုကြောင့် ကျန်ရဲတာဝန်ရှိသူများက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ အဆိုပါတရားခံ ခုနစ်ဦးမှာ အချုပ်ခန်းအပြင်သို့ ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ထိုးကြိတ်ခဲ့ကြကြောင်း၊ ယင်းနောက် ၎င်းတို့မှာ အချုပ်ခန်းအပြင်ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင် ကာရံထားသည့် သံဆန်ခါအား ဆွဲဖြုတ်ကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးစဉ် ရဲတာဝန်ရှိသူများက ထပ်မံလုံးထွေး ဖမ်းဆီးရာ တရားခံများက ပြန်လည်ထိုးကြိတ် ခုခံခြင်း၊ သံဆန်ခါများမှ သစ်သားတန်းများကိုဖြုတ်၍ ရိုက်နှက်ထွက်ပြေးခဲ့သောကြောင့် အချုပ်ခန်း ကင်းတာ ၀န်ကျ ရဲတပ်ဖွဲ့ဝင်များက M ၂၂ သေနတ်တစ်လက်၊ HK ၃၃ သေနတ်နှစ်လက်တို့ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ထွက်ပြေးတရားခံ ခုနစ်ဦးစလုံးကို ပြန်လည်ဖမ်း ဆီးရမိခဲ့သော်လည်း အချုပ်သားသုံးဦးမှာ သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းတို့ ခုနစ်ဦးစလုံးမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသူများဖြစ်ပြီး ပြစ်ဒဏ်နှစ်ရှည် ကျခံရမည့်သူများလည်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

“တရားခံသုံးဦးကတော့ သေနတ်မှန်သေဆုံးတာ ဖြစ်တယ်။ တစ်ဦးကတော့ လည်ပင်း၊ နှစ်ဦးက ခါးမှာလို့ သိရတယ်။ အစကတော့ ထိုးကြိတ်ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ မတတ်နိုင်တော့တဲ့ အခြေအနေမို့ အခု သေ နတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့ရတာပါ။ အဲဒီလိုမှ မဖမ်းဘဲ ထွက်ပြေးလို့ တရားခံလွတ်သွားရင် သက်ဆိုင်တဲ့ ရဲအရာ ရှိ အပါဝင် ကျန်တဲ့အခြားအဆင့်တွေကလည်း ဥပဒေအရ အရေးယူခံရမယ်လေ။ ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့ တဲ့ ကျောက်မဲစခန်းမှူးက စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကို ပို့ဆောင်ကုသနေပါတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ပြောပြသည်။

အဆိုပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ တရားခံလေးဦးကို ကျောက်မဲခရိုင် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ရဲစခန်းက (ပ) ၃၉/၁၄ ပြစ်မှုပုဒ်မ ၃၀၇/ ၃၃၃/၂၉၄/၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment