Tuesday, July 29, 2014

ကျန်မာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင် ပြုတ်သွားပြီ .... တဲ့။

ဖေသက်ခင်နဲ့ ကျွှန်တော်က မန္တလေးဆေးတက္ကသိုလ်ကို တစ်နှစ်ထဲဝင်ခဲ့ကြပြီး အလွန်ရင်နှီးတဲ့ သူငယ် ချင်းတွေပါ။ လူရည်ချွှန် ၆ ထပ်ကွမ်းရပြီး စာအလွန်တော်ပါတယ်။ ကျွှန်တော်တို့ အုပ်စုမှာ ဖေသက်ခင် အပါအဝင် ၆ ယောက်က တစ်တွဲတွဲရှိကြသူတွေပါ။ ဗုဒ္ဓဘာသာဝင် ၄ ယောက်နဲ့ မွတ်စ်လင်မ်နှစ်ယောက် ပါ။ အခြားမွတ်စ်လင်မ်တစ်ယောက်က ကို Maung Maung Ko ရဲ့ညီ သိန်းဝင်း(နောင်နောင်)ပါ။ အလွန်ပွင့် လင်းပြီး စိတ်ထဲရှိတာကို ဘွင်းဘွင်းပြောတတ်သူပါ။

အဆင့်အတန်းမခွဲခြားပဲ ပါမောက္ခဘဝအထိ သူ့တပည့်ဆရာဝန်တွေနဲ့ လမ်းဘေးလဘက်ရည်ဆိုင် ထိုင်တုန်းပါ။ သူ့ဘဝမှာ သူအလေးစားဆုံးပုဂ္ဂိုလ် နှစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ဖခင်ဆိုတာကို အမြဲပြောလေ့ရှိပါတယ်။

ဆေးတက္ကသိုလ်(၁) ဝင်းထဲမှာ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က သူ့ကားပေါ်ကဆင်းလာပြီး ဝမ်းသာအားရနဲ့ သူ့နောက်က ဒုဝန်ကြီးနဲ့ ညွှန်ချုပ်တွေကို " ဒါ ကျွှန်တော်အခင်ဆုံး သူငယ်ချင်းထဲက တစ်ယောက်ပဲဗျ။ သူ့ကို ကျုပ်တို့က ကျောင်းမှာ ++++++ လို့ ခေါ်ကြတယ် " လို့ပြောပြီး ပခုံးဖက်ပြီး အားပါးတရစကားတွေပြောခဲ့ပါသေးယ်။

ကျွှန်တော်က " ဖေသက်ခင် .... မင်းစိတ်ဓါတ်နဲ့ ဝန်ကြီးရာထူးနဲ့ ဖြစ်မယ်မထင်ဘူးနော် " လို့ ပြောခဲ့တော့ " ဟေ့ကောင် ++++++ ငါ ဝန်ကြီးရာထူးက ပြုတ်ရင် မင်းကျူရှင်မှာ စာလာသင်မယ်ကွာ " လို့ပြောခဲ့သူ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အားပြုပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို မြှင့်ချင်တယ်လို့ လည်း ပြောခဲ့ပါသေးတယ်။

သူလိုလူတော်တစ်ယောက်က ဖွတ်တွေနဲ့ မတည့်တာတော့ ဘာမှမဆန်းပါဘူး။

Congratulation ပါ သူငယ်ချင်း ဖေသက်ခင်။

Kyaw Win
29th July, 2014 ® Via Lynn Khant Zaw
ဒိုင်း ဒိုင်း
https://www.facebook.com/warsomoe.lay.54?hc_location=timeline

0 comments:

Post a Comment