Monday, July 21, 2014

ဂျာမနီအသင်းအောင်ပွဲခံစဉ် ကမ္ဘာ့ဖလားရုပ်တု အနည်းငယ်ထိခိုက်ပျက်စီး

Photo google
Tuesday, July 22, 2014
ဂျာမနီဘောလုံးအသင်းသည် ကမ္ဘာ့ဖလားရခဲ့ပြီးနောက် ဆုရုပ်တုကို ကိုင်တွယ်ရာတွင် ကစားသမားများ အပျော်လွန်ကာ ဂရုတစိုက် မကိုင်ခဲ့သဖြင့် ဖလားရုပ်တုမှ အစိတ်အပိုင်းတစ်ခုမှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဝုဖ်ဂန်း နိုင်ရာစဘတ်ခ်က ပြောကြား သည်။

ဂျာမနီအသင်း ဗိုလ်စွဲပြီးနောက် ဆုချီးမြှင့်ခံရချိန်တွင် ကမ္ဘာ့ဖလားရုပ်တုကို ကစားသမားများကြား တစ်လှည့် စီ ကိုင်မြှောက်ခဲ့ခြင်းနှင့် ဂျာမနီပြန်ရောက်သည့် အချိန်တွင် ပရိသတ်များသို့ ပြသအောင်ပွဲခံကာ ကိုင်မြှောက်ပြခဲ့ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း၎င်းကဆိုသည်။

သို့သော် မည်သူ့ကြောင့် ထိုသို့ အနည်းငယ်ပျက်စီးခဲ့ကြောင်းကိုမူ မသိရှိကြောင်းဆိုသည်။ ‘‘တစ်ချိန်မှာ  ကျွန်တော့်မှာတော့ ကမ္ဘာ့ဖလားရုပ်တုဟာ အစိတ်အပိုင်း သေးသေးလေး ပဲ့သွားခဲ့တာရှိပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့မှာ ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိပါတယ်။ ရုပ်တုကို ပျက်စီးစေတာ ဘယ်သူလဲလို့ ကျွန်တော်တို့ စုံစမ်းပေမယ့် ဘာရလဒ်မှ မထွက်ခဲ့ပါဘူး’’ဟု ဂျာမန်သတင်းစာ Die Welt နှင့် တွေ့ဆုံမှုတွင် နိုင်ရာစဘတ်ခ်က ပြောသည်။

သို့သော် ထိုရုပ်တုမှာ ဘာလင်မြို့တွင် ပရိသတ်နှင့် လှည့်လည်ပြသ အောင်ပွဲခံနိုင်ရန် ဖီဖာကပေးခဲ့သော ပုံတူရုပ်တုပွားတစ်ခုသာဖြစ်ကြောင်း ဆိုသည်။ ရီးရဲလ်မက်ဒရစ်အသင်းသည် ၂၀၁၁ တွင် ကိုပါဒယ်ရေး ဖလားရစဉ် ဆာဂျီရာမို့စ် ကိုင်တွယ်ထားသောဖလားရုပ်တုမှာ မြို့ထဲသို့ ဘတ်စ်ကားဖြင့် လှည့်လည်ပြသစဉ် ပြုတ်ကျခဲ့ဖူးသည်။ 
7Day Daily
—Ref: Dailymail

0 comments:

Post a Comment