Sunday, July 20, 2014

လွှတ်တော် အမတ် ဦးလှဆွေ မြန်မာစကားနားမလည်ပါ

"ဦးလှဆွေ မြန်မာစကားနားမလည်ပါ လို့ပြောရင်ကျွန်တော်လွန်မယ်မထင်ပါဘူး။ ကာကွယ်စောင့်ရှောက် တယ်ဆိုတဲ့စကားကို အရင်သဘောပါက်အောင်လုပ်သင့်တယ်"

ဦးလှဆွေအနေနဲ့ ဒ်ါအောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်တယ် ကဲ အိမ်တစ်အိမ်ကို ကာကွယ်စောင့်ရှောက်ကြပြီဆိုပါစို့....

အဲ့ဒီအိမ်ကို ဖျက်ဆီးမယ့် ပြင်ပရန်တွေကို ကာကွယ်ရမယ်... အိမ်တွင်းမှာလည်း အပျက်အဆီးတွေ ကိုပြုပြင်တာ။ မလိုအပ်တော့ တဲ့ အမှိုက်သရ်ုက်တွေကို ဖယ်ရှားတာ။ ချစားနေတဲ့အရာတွေ ကိုရှင်းထုတ် အသစ်လဲသင့်တဲ့နေရာလဲပစ်တာ။ နောက်ဆုံး ဒီအိမ်ကြီး မပြိုလဲအောင် ဒေါက်တိုင်အသစ်တွေထောက် ပံ့ပေးတာ စသဖြင့်ပေါ့လေ စောင့်ရှောက်ကြရတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်ကိုဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်နေသူသာဖြစ်ပါတယ် မလိုအပ် တဲ့ပုဒ်မတွေဖြုတ်ပစ်ဖို့ ချစားနေတဲ့ပုဒ်မတွေကိုပြင်ဆင်ဖို့ ၄၃၆ ဆိုတဲ့ အိမ်တံခါးဝကစပြီး ပြုပြင်ဖို့ကြိုး စားရှာတယ်။ ဒါခင်ဗျားတို့ယောက်ကျားရင့်မာ စစ်သားကြီးတွေတောင် ငုတ်တုတ်ထိုင်ကြည့်နေတဲ့ အလုပ်ကို ဝင်လုပ်နေတာပဲ။

မသေမချင်းမှတ်ထား ကာကွယ်စောင့်ရှောက်တယ်ဆိုတာ မထိမကိုင် ငုတ်တုတ်ထိုင်ကြည့် ဖက်တွယ်ထား တာမဟုတ်ဘူး။

မြန်မာစကားကို မြန်မာလိုနားလည်အောင် ဘူးလက်လှဆွေအရင်ကြိုးစားလိုက်ပါဦး ....
လင်းလွန်းညို

0 comments:

Post a Comment