Saturday, July 12, 2014

ရွှေဖိနပ်ဆုအတွက် ကိုလံဘီယာကစားသမား ၆ ဂိုးနှင့် ဦးဆောင်

12 July 2014
James RODRIGUEZ3ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမားအတွက် ပေးတဲ့ ရွှေဖိနပ်ဆုအတွက် ကိုလံဘီယာကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သွင်းဂိုး ၆ ဂိုးနဲ့ ဦးဆောင်နေပြီး သူနောက်မှာ ဂျာမနီကစား သမား သောမတ်စ်မူလာက သွင်းဂိုး ၅ ဂိုး၊ ဘရာဇီးက နေမာနဲ့ အာဂျင်တီးနားက မက်ဆီက ၄ ဂိုးနဲ့ ပူးတွဲ ရပ်တည်နေကြပါတယ်။

၆ ဂိုးသွင်းထားတဲ့ ရိုဒရီဂွက်ဇ်ရဲ့ကိုလံဘီယာအသင်းဟာ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီ ၅ ဂိုး သွင်းထား တဲ့ သောမတ်စ်မူလာရဲ့ ဂျာမနီအသင်းနဲ့ ၄ ဂိုးသွင်းထားတဲ့ မက်ဆီတို့ရဲ့ အာဂျင်တီးနားအသင်းကတော့ ဗိုလ်လုပွဲ ကစားဖို့ ကျန်သေးလို့ ရွှေဖိနပ်ဆုရှင်က ဘယ်သူဖြစ်လဲဆိုတာ ကိုတော့ စောင့်ကြည့်ရဦးမှာပါ။
ဒီဗွီဘီ

0 comments:

Post a Comment