Wednesday, July 9, 2014

မေတ္တာရှင်နှင့် ပါတ်သက်သမျှ


စိုးတင့်
ယခုစာကို အများသိအောင် အင်တာနက်ကတဆင့် (ယနေ့) မြန်မြန်တင်ပါ။ မင်းတို့ဖောင်ဒေးရှင်းဖွဲ့တွေ၊
သတင်းစာကအင်တာဗျူးတွေ တင်ထားတာ ဖတ်လို့မရဘူး၊ ဝါးနေတယ်တဲ့ ပြုပြင်လိုက်ပါဦး




မေတ္တာရှင်
(ရွှေပြည်သာ)
=============
"နှလုံးသားမှ အသိပေးလွှာ"

သူတစ်ပါးကိုမကြည်ညိုရင် ကုသိုလ်မရရုံသာရှိမယ်။ ကိုယ့်ကိုယ်ကို မကြည်ညိုရင် အပ္ပါယ်ကျတတ်တယ်။
အကြောင်းကား..
သူတစ်ပါးကိုလိမ်ညာ၍ရသော်လည်း မိမိကိုယ်မိမိလိမ်ညာ၍မရသောကြောင့်တည်း..

နှလုံးသားကလာတဲ့ ဒဿနပါ ကိုယ်တိုင်မကျင့်ပဲနဲ့ စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ် ဒီလို ဒဿန မျိုး ထွက်မ လာနိုင်ဘူးဆိုတာ ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။ ယခုလူ့ဘဝရောက်တဲ့ထိ ကိုယ်ကိုယ်ကို ကြည်ညိုလျက်ပါ။

ဓမ္မကထိကဘဝက ရောက်တဲ့အရပ်မှာ ရတဲ့အလှူငွေတွေကိုချက်ခြင်းပြန်လှူခဲ့တာတွေကို တကယ်လိုအပ် လို့ အလှူခံတဲ့ ရဟန်းရှင်လူတွေ အသိပါ။

အောင်မြင်နေတဲ့ ဆယ်စုနှစ်တခုအတွင်း လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည့်ရင် သိန်းပေါင်းနှစ်သောင်း အထက်မှာရှိတာကြောင့် တွေးကြည့်တိုင်း ပီတိဖြစ်ရပါတယ်။

ရဟန်းဘဝကရခဲ့တဲ့ ဝတ္ထုငွေကြေးတွေကို လူ့ဘဝထိယူပြီး မသုံးသင့်ဘူးလို့ ယူဆတယ်။ ဒါကြောင့် လူဝတ်လဲချိန်မှာလဲ ဘာမှမကျန်အောင် ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ဝိနည်းနဲ့ အညီဦးစီးအုပ်ချုပ်နိုင်တဲ့ သံဃာတွေကို လွှဲအပ်လှူဒါန်းခဲ့တယ်။

ရိပ်သာငါးခုမှာရှိတဲ့ အဆောက်အဦကြီးကြီးတိုင်းဟာ ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။
တဦးတည်းအလှူရှင်မရှိခဲ့ပါဘူး။ သည်ကြားထဲက တရားဟောနားတဲ့အခါ နွမ်းပါးသူများအတွက် ပညာရေးနဲ့ ကျန်းမာရေးမှာဆက်ထောက်ပံ့နိုင်အောင် ဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို အစိုးရဘဏ်မှာ အပ်ပေးထားပါတယ်။


မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။ ကျန်းမာရေးမကောင်း တဲ့အတွက်ရယ်၊ ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊ အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက် ရယ်ဟာ လူဝတ်လဲရခြင်းရဲ့ အဓိက အကြောင်းတွေပါ။

နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ခဲ့ရတဲ့ ရဟန်းဘဝနဲ့ အောင်မြင်မှုတွေကို စွန့်ရတဲ့အတွက်
ကာယကံရှင်က ဘေးကလူတွေထက် ပိုခံစားရပါတယ်။ အရင်းကအရမ်းများပါတယ်။ အရင်းများရင် အမြတ်များရတာဟာလည်း သဘာဝပါ။ ရလာတဲ့အမြတ်ဟာလည်း အများအကျိုးအတွက်
အဓိကပါ။

ပုံမှန်အတိုင်းနေသွားမယ်ဆိုရင် အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။ ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကို စွန့်ပြီး သာမန်လူတယောက်အဖြစ် ခံယူလိုက်ပြီ ဆိုကတည်းက ကြီးမားတဲ့ ရည်ရွယ်ချက်ကြီးတခု
ရှိနေပြီဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။

ဒီရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက် အကူအညီပေးသူ လက်တွဲခေါ်သူများကိုလည်း လက်ခံသင့်ရင် လက်ခံရမှာပါ။ ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ် စရောက်ပြီဆိုတာနဲ့ အားလုံးကို အသိပေးပါ့မယ်။ မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့ မင်းကွန်းတိပိဋကဆရာတော်က သြဝါဒပေးဘူးပါတယ်။

ကိုယ့်ကိုယ်ကို သိတ်အောင်မြင်နေပြီလို့ထင်လာရင် ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို မော့ကြည့် လိုက် ကိုယ်ဘာမှမဟုတ်သေးဘူးဆိုတာ သိလာလိမ့်မယ်တဲ့။ မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့
ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။

စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ ဘာမှမပြောပလောက်သေးပါဘူး။ သူတပါးလှူတာ လက်ဖြန့်ခံပြီး တဆင့်ပြန်လှူတဲ့ အဆင့်လောက်ပဲ ရှိတာပါ။

အချိန်ပေးပါ။ ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။

တချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ အောင်မြင်မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊ မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ ရင်ခွင်ထဲအရောက် ပြန်လာမယ်ဆိုတာ နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။

ပရဝဇ္ဇာနု ပဿိဿ၊    နိ စ္စံဥဇ္ဈာန သညိနော။ အာသဝါ တဿ   ဝဍ္ဎန္တိ၊ အာရာသော အာသဝက္ခယာ။
(ဓမ္မပဒ)

သူတပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး၊ အမြဲတမ်း သူတပါးအား ကဲ့ရဲ့ရှုတ်ချနေသောသူသည်
အာသဝေါတရား (ကိလေသာများ) တိုးပွါး၏။ အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှ ဝေး၏။ (မရောက်နိုင်)

သူတပါးမကောင်းကွက်ကိုရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည် စိတ်လည်းဆင်းရဲသည်
အရုပ်လည်းဆိုးသည် စီးပွါးလည်းပျက်သည် အပ္ပါယ်သို့လည်းကျသည်။

သူတပါး၏ကောင်းကွက်ကိုရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည် စိတ်လည်းချမ်းသာသည် ရုပ်လည်းလှ သည် စီးပွါးလည်းတက်သည် နိဗ္ဗာန်သို့လည်းရောက်သည်။

သူတပါး၏အပြစ်ကို တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည် အလကားရခြင်းမဟုတ်။ မိမိကုသိုလ်ရမည့်အချိန် များကို အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။

အင်တာနက်သည်လူ့ဘဝနှင့်တူသည် လူ့ဘဝသည်ကုသိုလ်အတွက်အသုံးချပြီး နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊
အကုသိုလ်အတွက်အသုံးချပြီး အပ္ပါယ်သို့လည်းသွားနိုင်သည်။

ထို့အတူအင်တာနက်သည်လည်း ကုသိုလ်အတွက်အသုံးချပြီး နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊ အကုသိုလ် အတွက်အသုံးချပြီး အပ္ပါယ်သို့လည်းသွားနိုင်သည်။

မေတ္တာရှင်
(ရွှေပြည်သာ)

Photo Credit.. Sayadaw Ahshin Zawana
=========================

ရွှေပြည်သာ မေတ္တာရှင် ဆ၇ာတော် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပြောဟောပေးတဲ့ စလုံးတ၇ား ပွဲပြီးတာနဲ့ မြန်မာပြည်ပြန်ခဲ့ပါတယ်။ မြန်မာပြည်ေ၇ာက်တာနဲ့ ဆ၇ာတော် နေမကောင်းဘူး အကြောင်းပြ ချက်နဲ့ တ၇ားပွဲ လက်ခံထားတာ တနှစ်စာ အကုန် ဖျက်သိမ်းခဲ့ပါတယ်။

အခုတော့ လပိုင်းအတွင်း ဆ၇ာတော် လူထွက်ခဲ့ပြန်ပါပြီ။ သာသနာအတွက် နစ်နာပါတယ်။

အကြောင်း၇င်းအမှန်ကို ဆရာတော် လက်ရေးမူအတိုင်း တင်ပြပါတယ်။ မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊
ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊ အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက်ရယ်ဟာ
လူဝတ်လဲရခြင်းရဲ့ အဓိက အကြောင်းတွေပါ။

တ၇ားပွဲတွေ ၁နှစ်စာပယ်ဖျက်တုန်းက ဆ၇ာတော်ကို စစ်ဖွတ်တွေက အမေစုကို ကြိုက်နှစ်သက်တဲ့ ဆ၇ာတော်ကို ပစ်မှတ်ထားဖိအားတွေ ပေးခဲ့သလားလို့ မေးခွန်းတွေကို ဆ၇ာတော်က ငြင်းဆိုခဲ့ပါတယ်။

ခုချိန်မှာ လူထွက်ပြီးပြီဆိုတော့ နိုင်ငံကောင်းစားေ၇းကို ဖိဖိစီးစီးလုပ်မှာလားဆိုတာကို ဆ၇ာတော် ဖြေကြား လိုက်ပါပြီ။

အချိန်ပေးပါ။ ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။ တချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ အောင်မြင် မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊ မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ ရင်ခွင်ထဲအရောက် ပြန် လာမယ်ဆိုတာ နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။

ဆ၇ာတော်က သူ့ကျောင်းတွေကို တော်²ထက်မြက်ပြီး စိတ်ကောင်းရှိတဲ့ သယ်တော်ငယ်တဲ့ ဘုန်း²တွေကို စလုံးခရီးမသွားမီ သေ²ခြာ²စာချုပ်စာတမ်းနဲ့တကွ လွဲပေးခဲ့တာ ကြည့်ခြင်းဖြင့် ဆ၇ာတော့် မှာ စေ့ စပ်သေခြာတဲ့ strategy ကောင်းကောင်း အစတည်းက ရှိနေပုံပါပဲ။ နောင်အခါဖြစ်နိုင်တဲ့ ကျောင်း လုပွဲတွေကို အမျှော်အမြင်ကြီးစွာ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် မေတ္တာရှင် ရွှေပြည်သာ ဆ၇ာတော်ဆိုပြီး မရှိတော့ပေမဲ့ လူပုဂ္ဂိုလ်အနေနဲ့ ကျန်း²မာ² ချမ်း²သာ²ဖြင့် မေတ္တာကရုဏာမုဒိတာ ရှေးရှူပြီး ပ၇ဟိတ လုပ်ငန်းများ နိုင်ငံကောင်းစားေ၇း နိုင်ငံတိုးတက်ေ၇း အမျိုးဘာသာသာသနာ ကြီးပွားေ၇းစောင့်ရှောက်ေ၇းကို ဆ၇ာတော်ဘဝ က ချမှတ်ခဲ့တဲ့ နည်းလမ်းကောင်းများအတိုင်း ဆက်လက်ထမ်းဆောင်သွားလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း။
အသေးစိတ်ကို ဆက်လက်ရှူမြင်ကြပါကုန်။
သာဓုသာဓုသာဓု။

P.s.
စိတ်မကောင်းမဖြစ်ကြပါနဲ့ လူပုဂ္ဂိုလ်အနေနဲ့ သင်္ကန်းငဲ့ လုပ်မ၇တာတွေ စွမ်း²တမံ ထမ်းဆောင်ဦးမှာပါ။
စိတ်ကောင်းရှိတဲ့ သူ့အပေါ် ယုံကြည်မှု ရှိပါတယ်။
— feeling အဖြစ်အပျက်တွေက
လျှပ်စီးလက်သလိုပါ့
အနိစ္စ ဒုက္ခ အနတ္တ အစိုးမ၇ပါလား
— at ရန်ကုန်.
FB ကိုမင်း







0 comments:

Post a Comment