Wednesday, July 23, 2014

ဆရာတော်မေတ္တာရှင်ရွှေပြည်သာ ရင်ဖွင့်ချက်များကို ပရိသတ်များသိစေဖို့ အတွက် တွေ့ဆုံမေးမြန်းခြင်း

ဆရာတော်မေတ္တာရှင်ရွှေပြည်သာသည် ရဟန်းဘဝဖြင့် စာအုပ်ပေါင်းခြောက်ဆယ်ကျော်ရေးသားခဲ့ပြီး တရားပွဲပေါင်းများစွာကို မြန်မာပြည်အနှံ့ဟောပြောခဲ့ပြီးနောက် ယခုအခါ ရဟန်းဘဝမှစွန့်လွှတ်သည့် သတင်းကိုကြားရသည့်အတွက် ပရိသတ်များအနေဖြင့် များစွာစိတ်ဝင်တစားဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါ စာရေးဆရာမေတ္တာရှင်-ရွှေပြည်သာအဖြစ် မြန်မာပြည်သို့ခေတ္တပြန်ရောက် လာသည့် ပြည်တော်ပြန်ခရီတွင် မေတ္တာရှင်-ရွှေပြည်သာ၏ လူဝတ်လဲရခြင်းနှင့် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချက်များကို ပရိသတ်များသိစေဖို့ အတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ဆရာမေတ္တာရှင်ရွှေပြည်သာအနေနဲ့ ရဟန်းဘဝစွန့်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုပြောပြပေးပါ လားခင်ဗျာ။

ဖြေ - တစ်အချက်က ကျန်းမာရေးအရင်လိုမကောင်းတာကြောင့်ပါ။ နှစ်အချက်က ကမ္ဘာ့ဗဟုသုတမျိုးစုံနဲ့ လူ့ဘဝကိုအခြေခံတဲ့ ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေကို ဘာသာရေးအသိပါးပါးလေးအုပ်ပြီး အင်္ဂလိပ်လို ရေးနိုင် ချင်ပါတယ်။ လူ့လောကရောက်မှ လူ့ဘဝ အကြောင်းကိုပီပြင်အောင်ရေးနိုင်မှာပါ။ ဒါကြောင့်ရဟန်းဘဝ ကို ခေတ္တစွန့်လိုက်တာပါ။ လည်ချောင်းကတော့ တရားမဟော တော့တဲ့အတွက် အတော်ကြီးကောင်းနေ ပါပြီ။ ခါးရိုးနာတာကတော့ နည်းနည်းကျန်ပါသေးတယ်။

မေး - ဆရာဖြတ်သန်းခဲ့တဲ့ရဟန်းဘဝ၊ တရားဟောဓမ္မကထိကဘဝနဲ့ ရဟန်းစာရေးဆရာ မေတ္တာရှင်ရွှေ ပြည်သာအနေနဲ့ အောင်မြင်ကျော်ကြားလာပြီးတဲ့အချိန်ကျခါမှ ရုတ်တရက်လူဝတ်လဲတဲ့သတင်းကို ကြားရတဲ့အချိန်မှာ ပရိသတ်တချို့အနေနဲ့ ယူကျုံးမရဖြစ်ကြတာတွေရှိတယ်လေ။ အဲဒီအတွက် ဆရာရှေ့ ဆက်မယ့်ပရဟိတလုပ်ငန်းနဲ့ပတ်သက်တဲ့အစီအစဉ်လေးတွေ ကိုပြောပြလို့ရမလား။

ဖြေ - ဆရာရဲ့ညီ ဥိးစိုးတင့်က ဟိုအရင်ကတည်းက ဆရာ့ကိုယ်စားတာဝန်ယူလုပ်ဆောင်နေတာ ဆယ်နှစ်လောက်ရှိပါပြီ။ အသား ကျနေပြီဖြစ်တဲ့အတွက် ဆရာလူ့ဘဝရောက်သွားလည်း ပရဟိတလုပ် ငန်းတွေက အရင်အတိုင်းလည်ပတ်နေမှာပါ။ မှော်ဘီသုဒ္ဓဝိပဿနာရိပ်သာမှာလည်း သံဃာလေးဆယ်ခန့်နဲ့ သီလရှင်၊ ဘိုးဘွားလူနာအပါအဝင် လူရှစ်ဆယ်လောက်ကို နေ့စဉ်ကျွေးမွေးဖို့ ဆေးဝါးကုသဖို့တွေ အတွက်ငွေပဒေသာပင်တွေလုပ်ပေးထားပါတယ်။ မန္တလေးနဲ့ ရန်ကုန်က စိတ်ချရတဲ့ ဒကာရင်းတွေက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာထည့်သုံးပေးကြပါတယ်။

သူတို့ပေးတဲ့သင့်တင့်တဲ့အတိုးနှုန်းနဲ့ ထောက်ပံ့ နိုင်အောင်စီစဉ်ထားပါတယ်။ တရားစခန်းဖွင့်ရင်လည်း အရင်ကလိုယောဂီဆွမ်းစရိတ်ပေးစရာမလိုဘဲ အားထုတ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

မေး - ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ အင်္ဂလိပ်စာသင်မယ်။ သင်ပြီးရင်ကမ္ဘာကိုကိုယ့်ရဲ့စာပေတွေ ကို ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုပရိသတ်တွေအနေနဲ့ ကြားရတဲ့အချိန်မှာ မြန်မာစာပေနဲ့သမိုင်း အတွက်ကြိုဆိုစရာပါ။ ဒါပေမယ့် ရဟန်း ဘဝနဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်ကောမရနိုင်ဘူးလားခင်ဗျာ။

ဖြေ - ဗုဒ္ဓစာပေသက်သက်ကို ရေးဖို့ဆိုရင်တော့ရဟန်းဘဝနဲ့အင်္ဂလိပ်စာသင်လည်း ရပါတယ်။ အခုဟာက ဗုဒ္ဓစာပေသက်သက် အတွက်မဟုတ်ပါဘူး။ လူ့ဘဝကိုဂန္ထဝင်ရသမြောက်အောင်ရေးဖို့အတွက်ပါ။ နီဂရိုးတွေအမေရိကန်မှာ ကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းကိုရသ၊ ဝတ္ထုပုံစံနဲ့ရေးနိုင်ဖို့အတွက် နီဂရိုးစာရေး ဆရာလေးဟာ ကမ္ဘာအနှံ့ခရီးသွားပြီး ကိုယ်တွေ့လေ့လာရပါတယ်။ မှတ်တမ်းစာအုပ်တွေရာနဲ့ချီပြီးဖတ် မှတ်ခဲ့ရပါတယ်။ ဒီစာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်စာရေးဆရာဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ စာအုပ်ရေးချိန်ဟာ ၁၂ နှစ်ခန့်ကြာမြင့်ပါတယ်။ အဲဒီလိုကမ္ဘာတစ်ခွင်လှည့်လည်သွားလာနေထိုင်ရာ မှာ သင်္ကန်းဝတ်နဲ့မသင့်တော်ပါဘူး။ ဒါကြောင့်လူဝတ်လဲရတာပါ။ စာအုပ်နာမည်က ဇစ်မြစ်ပါ။ မောင်ထွန်းသူ ဘာသာပြန် ပါတယ်။

မေး - ရဟန်းဘဝမှာ ရေးခဲ့တဲ့စာပေအများစုထဲက လူတွေရဲ့ဘဝတွေတိုးတက်ပြောင်းလဲတာတွေရှိခဲ့ပါ တယ်။ တချို့ဆိုရင် ကိုယ့်ကို ကိုယ်အဆုံးစီရင်ဖို့အထိ ရည်ရွယ်တာတွေ၊ တစ်ပါးသူကို လုပ်ကြံသတ်ဖြတ် ဖို့အတွက် ဆုံးဖြတ်ခဲ့တာတွေကိုတောင် မေတ္တာ ရှင်(ရွှေပြည်သာ)ရဲ့စာအုပ်တချို့ကိုဖတ်ပြီးမှပြောင်း လဲသွားတာတွေရှိခဲ့တယ်လို့ဖတ်ဖူးခဲ့ပါတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်တယ် ဆိုတဲ့စကားလည်းရှိတယ်မ ဟုတ်လား။ အခုချိန်မှ ရုတ်တရက်လူထွက်လိုက်တော့ အတုယူခဲ့တဲ့လူတွေရဲ့ ဦးတည်ချက် ရည်ရွယ် ချက်တွေပျောက်သွားနိုင်တယ်လို့ ဆရာမထင်ဘူးလား။

ဖြေ - စာဖတ်နည်းသုံးမျိုးရှိတဲ့အကြောင်း စာရေးဆရာနဲ့ရင်ဘောင်တန်း၍ စာဖတ်သူများအကြောင်း စာအုပ်ထဲမှာရေးထားပါ တယ်။ စာရေးဆရာရေးသလောက်ပဲသိတဲ့ စာရေးဆရာနောက်က လိုက်ဖတ်တဲ့ နံပါတ်သုံးစာဖတ်သူမျိုးကတော့ ဦးတည်ချက် တွေ၊ ရည်ရွယ်ချက်တွေပျောက်သွားနိုင်ပါတယ်။ စာရေးဆရာ ရဲ့ရည်ရွယ်ချက်နဲ့ စေတနာကိုပါ သိတဲ့စာရေးဆရာနဲ့ ရင်ဘောင်တန်းပြီးဖတ်နိုင်တဲ့နံပါတ်နှစ်စာဖတ်သူမျိုး ဘာစာကိုဖတ်ဖတ် သစ္စာစိုက်အောင်အနတ္တပေါက်အောင်ဖတ်နိုင်တဲ့ စာရေးဆရာကိုကျော်ဖတ်နိုင်တဲ့ နံပါတ်တစ်စာဖတ်သူမျိုး။ အဲဒီနှစ်မျိုးကတော့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေမပျောက်နိုင် ပါဘူး။

မေး - ဆရာတော်မေတ္တာရှင်ရွှေပြည်သာဘဝမှာ လူတွေကိုကူညီခဲ့တာတွေ၊ မရှိတဲ့သူတွေကို ပေးကမ်း စွန့်ကြဲခဲ့ဖူးတာတွေကို ကြားခဲ့ဖူးပါတယ်။ အခုလိုလူဝတ်လဲတဲ့အချိန်မှာ အကူညီယူခဲ့တဲ့လူတွေအနေနဲ့ ဝမ်းနည်းအားငယ်တာတွေရှိခဲ့ပါတယ်။ အဲဒီအတွက်ဒုက္ခရောက်ခဲ့သူတွေကို ဆက်ပြီးဘယ်လိုကူညီဖို့ များစဉ်းစားထား ပါသလဲ။

ဖြေ - မေတ္တာရှင်ရွှေပြည်သာဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာဘဏ်မှာ အပ်ပေးထားပါတယ်။ စာအုပ်တွေလည်းဆက်ရေးနေမှာဆိုတော့စာအုပ် ရောင်းရငွေတွေနဲ့လည်းဆက်ပြီး ထောက်ပံ့ကူညီနိုင်မှာ ပါလို့ပြောပါရစေ။

မေး - နောက်ပြီးဆရာ့အနေနဲ့ပေါ့နော် ရဟန်းဘဝမှာပါရာဇိကကျခဲ့တာများရှိခဲ့ပါ သလား။

ဖြေ - ဝိနည်းနားမလည်တဲ့ ဒုလ္လဘရဟန်းတွေတောင် သိက္ခာချပြီးမှ အိမ်ထောင်နဲ့ပြန် နေရတယ်။ သိက္ခာမချဘဲ အိမ်ထောင်နဲ့ပြန်နေရင် ပါရာဇိကကျတယ်ဆိုတာ သိပါတယ်။ ပါရာဇိကကျတယ်ဆိုတာ သာသနာတော်ကဆုံးရှုံးသွားတဲ့ အတွက် ရဟန်းဘဝကိုတစ်သက်လုံးပြန်မရတော့တာကိုပြောတာပါ။ ဝိနည်း နားမလည်တဲ့ဒုလ္လဘရဟန်းတွေတောင်ပါရာဇိကမကျအောင် သိက္ခာချဖို့ သတိရသေးရင် ဝိနည်းနား လည်တဲ့ဆရာတို့လို ငယ်ဖြူရဟန်းတွေကဘယ်မှာ သိက္ခာချဖို့သတိမရဘဲ နေပါ့မလဲ။ ပြီးတော့သိက္ခာချတယ် ဆိုတာအမြင့်က ခုန်ချတာ။ သူတစ်ပါးအကူအညီသိပ်မလိုဘူး။ အနားမှာသိတတ်တဲ့အရွယ် လူတစ်ယောက် ရှိရင်ရပြီ။ ငါရဟန်းတွေကျင့်ရတဲ့သိက္ခာပုဒ်တွေကိုစွန့်တယ်။ ငါ့ကိုလူလို့မှတ်လိုက်တော့လို့ပြောပြီးတာနဲ့ သိက္ခာချပြီးသားဖြစ်သွားတယ်။

မေး - လူ့ဘဝဖြတ်သန်းချိန်မှာ ပြည်ပနိုင်ငံမှာပဲ နိုင်ငံခြားစာနဲ့ မြန်မာစာပေကိစ္စတွေ၊ ပရဟိတလုပ်ဖို့အ တွက်တွေကြိုးစားတော့မယ်ဆိုတော့ ဆရာတစ်ယောက်တည်း ဘယ်လိုဖြတ်သန်းမလဲ။ ဘဝအဖော် မွန်ရှာဖို့ရောစိတ်ကူးရှိပါသလား။ ရှိခဲ့မယ်ဆိုရင်ကော ဘယ်လိုလူမျိုးကိုရွေးချယ်မှာပါလဲ။

ဖြေ - ဘဝအဖော်မွန်ရှာတွေ့လို့လက်ထပ်ပြီးပါပြီ။ စိတ်ကောင်းရှိပြီး စာပေအလုပ်ကို ရာနှုန်းပြည့် ကူညီနိုင်မယ့်ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်ပါ။

မေး - ဆရာ့အနေနဲ့ ရဟန်းဘဝရဲ့နောက်ဆုံးစာအုပ်ဖြစ်တဲ့ ဘဝကိုအသေသတ် သောစိတ်စာအုပ် ထွက်ပြီလို့သိရပါတယ်။ ဒီနောက်ပိုင်းလူ့ဘဝမှာ ဖန်တီးမယ့် ရသစာအုပ်တွေရှိရင်ရော ပြောလို့ရမလား။ ရဟန်းဘဝက စာအုပ်တွေရော ထွက်ဖို့ရှိပါသေးလား။ ရှေ့ဆက်ပြီးဘယ်လိုစာပေအမျိုးအစားတွေကို ဖန်တီး ထုတ်လုပ်မယ်လို့စီစဉ်ထားပါသလဲ။

ဖြေ - လက်ရှိ ရသ၊ သုတ၊ ဒဿနသုံးမျိုးလုံးပါမယ့်စာအုပ်တွေ ဆက်တိုက်ထွက်မှာ ပါ။ အဲဒီစာအုပ်တွေထဲက မှ ရေးသားခြင်းဆိုင်ရာအတွေ့အကြုံများငါးတွဲ၊အသာစံခြင်းနဲ့အနာခံခြင်းငါးတွဲ၊ လောကဓံရင်ဆိုင်နည်းစာ အုပ်တွေ ဆက်ထွက်လာပါလိမ့်မယ်။ ရေးသားခြင်းဆိုင်ရာစာအုပ်ကတော့ ၇ဝ ရာခိုင်နှုန်း ရေးပြီးနေပါပြီ။ ကျန်တဲ့စာအုပ်တွေကတော့ခေါင်းထဲမှာပဲရေးရပါသေးတယ်။

မေး - ဆရာ့အနေနဲ့လူပုဂ္ဂိုလ်ဖြစ်သွားပြီးတဲ့နောက် တရားပြဆရာကြီး ဦးလှသိန်းတို့ လို့ ပခုက္ကူဆရာကြီး ဦးကြင်ရွှေတို့လို့ တရားပြဆရာအဖြစ် ဆရာတည် ထောင်ခဲ့တဲ့တရားစခန်းကြီးတွေ၊ ရိပ်သာကြီးတွေ မှာပြန်ပြီးဟောပြောဖို့အစီ အစဉ်ရှိပါသလား။

ဖြေ - စာပေရည်ရွယ်ချက်တွေ အောင်မြင်သွားပြီးတဲ့နောက်မှာတော့ တရားစခန်း တွေမှာ ပြန်ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။

မေး - ဆရာ့အနေနဲ့ဆရာတော်ဘဝမှာ တော်ရုံပုဂ္ဂိုလ်မျိုး ဖန်တီးလို့မဖြစ်နိုင်တဲ့ အောင်မြင်မှုမျိုးရခဲ့တယ်။ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးပေါ့။ အဲဒီလိုအောင်မြင်ပြီး ခါမှ အခုအခြေအနေကြီးကိုပြောင်းလဲပစ်လိုက်တာဟာ တချို့ကလည်း စိတ်မခိုင်ဘူးလို့အမနာပပြောကြတယ်။ တချို့ကလည်း ခိုင်မာတဲ့ပန်းတိုင်ရှိ တယ်ဆိုပြီး ဝိရောဓိငြင်းခုံမှုတွေရှိကြပါတယ်။ ဆရာဘယ်လိုသတ္တိမျိုးနဲ့ ပြောင်းလဲသွားတယ်ဆိုတာကိုပြောပြပေးပါလား။

ဖြေ - ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကိုမော့ကြည့်လိုက်ရင် ကိုယ်ဘာမှမဟုတ် တော့ဘူးဆိုတဲ့ အဆုံးအမကြောင့်အခုလိုပြောင်းလဲရဲတာပါ။ နှစ်ပေါင်းသုံး ဆယ်အားထုတ်မှရခဲ့တဲ့အောင်မြင်မှုကြီးကိုစွန့် လွှတ်ပြီး လမ်းသစ်တစ်ခုကိုရဲရဲ ကြီးလျှောက်ပြီဆိုမှတော့ အခုအောင်မြင်မှုထက်ပိုမိုမြင့်မားတဲ့အောင်မြင် မှုကြီး တစ်ခုကိုမြင်နေရလို့ဆိုတာ တွေးကြည့်ရင်သိနိုင်မယ်ထင်ပါတယ်။

မေး - နောက်ပြီးနိုင်ငံရေးအသိုင်းအဝိုင်းကကြားထားတဲ့ ကောလာဟလတွေရှိပါတယ်။ ဆရာတော်ဘဝနဲ့ လူထွက်တာဟာ ရဟန်းဝတ်နဲ့နိုင်ငံရေးလုပ်ရင် ဝိနည်းနဲ့မညီမှာစိုးလို့လူထွက်ပြီးနိုင်ငံရေးလောကထဲ ဝင်မယ်ဆိုတာမျိုးပေါ့။ ဆရာနိုင်ငံရေးခံယူချက်လေးရှိရင်ပြောပြပေးပါလား။

ဖြေ - နိုင်ငံရေးလောကထဲဝင်ဖို့တော့လုံးဝရည်ရွယ်ချက်မရှိပါဘူး။ တကယ့်စာရေး ဆရာတွေရဲ့သဘာဝ ကိုဖြစ်ရပ်လေးတစ်ခုနဲ့ပြောပါရစေ။ အိန္ဒိယနိုင်ငံမှာ တကယ်တော်တဲ့စာရေးဆရာကြီးတစ်ယောက်ဟာ အင်မတန်အကျိုးများမယ့် စာအုပ်ကြီးတစ်အုပ်ကိုရေးနေပါတယ်။ ဘာမှအလုပ်လုပ်ချိန်မရလို့ မိန်းမဖြစ်သူက ကုန်စိမ်းရောင်းကျွေးတာလေးနဲ့ပဲအသက်ဆက်နေရတယ်။ တဖြည်းဖြည်းဆင်းရဲလာလိုက်တာ မူလနေရာကအိမ်ကိုရောင်းပြီး ပိုဆင်းရဲတဲ့ ရပ်ကွက်လေးထဲမှာ အိမ်စုတ်လေးတစ်လုံးဝယ်ပြီးနေကြတယ်။ တစ်ရက် ဒီသတင်းကိုကြားသွားတဲ့ဘုရင်ကြီးက စာရေးဆရာရှိရာကိုလိုက်လာပြီး လိုအပ်တာကိုပြောပါ။ သူကူညီပါရစေလို့ပြောလာပါတယ်။ စာရေးဆရာက သူလိုတာ တကယ်ပေးနိုင်မှာလားဆိုတော့ ဘုရင် က ပေးနိုင်ပါတယ်။ ပြောပါ ဆိုတော့ စာရေးဆရာကပြောလိုက်တယ်။ ဘုရင်ကြီး ကျွန်တော့်အိမ်ကိုနောင် ဘယ်တော့မှမလာခဲ့ပါနဲ့တဲ့။ တစ်ဆက်တည်းမိန်းမကိုဆက်ပြောတယ်။ မိန်းမရေ၊ နောက်တစ်နေ ရာပြောင်းကြဦးစို့။ ဒီနရာကလူသိများသွားပြီတဲ့။ အဲဒါစာရေးဆရာရဲ့သဘာဝပါ။ စာပဲရေးချင်တာပါ။ ကျန်တာဘာမှမလုပ်ချင် ကြပါဘူး။

မေး - ပြည်ပမှာပညာသင်ကြားတဲ့အခါမှာ ဘယ်ဘာသာရပ်ကိုအဓိကထား ဆည်းပူမှာပါလဲ။ ဘယ်နိုင်ငံ မှာအဓိကအခြေချပြီးသင်ယူမှာပါလဲ။

ဖြေ - ဘယ်ဘာသာရပ်ကိုအဓိကထားရမယ်ဆိုတာ ဟိုရောက်မှဆုံးဖြတ်နိုင်မှာပါ။ ဂျာမနီမှာအခြေချဖို့စိတ် ကူးထားပါတယ်။

မေး - အခုလိုရုတ်တရက်ရဟန်းဘဝကိုစွန့်လွှတ်လိုက်ခြင်းဟာ ဘယ်အချိန်ကတည်း က စိတ်ကူးထား တာပါလဲ။

ဖြေ - နိုင်ငံခြားကမြန်မာတွေကိုတရားဟောတဲ့အခါ ဆီးသီးသည်မဗျိုင်းကို ဥပမာ ပေးပြီးဟောလေ့ရှိတယ်။ ဆီးသီးသည်မဗျိုင်းဟာ တော်ကောက်ခံရသလို မိဘုရားဖြစ်သွားခဲ့တယ်။ တစ်ရက်တော့ဘုရင်ကြီးက မိဖုရားကြီးကိုငယ်ဘဝ အလွမ်းပြေအနေနဲ့ ဆီးသီးသည်တစ်ယောက်ကိုနန်းတော်ထဲခေါ်လိုက်တယ်။ ဗန်းထဲကဆီးသီးတွေကိုကိုင်ကြည့်ပြီး မဗျိုင်းကဘုရင်ကြီးကိုမေးလိုက်တယ်။ မောင်တော်ဘုရား ဒါဟာဘာ သီးတွေလဲတဲ့။ ဆီးသီးကိုကျေးဇူးကန်းလို့ ဘဝမေ့နေတဲ့အတွက် ဘုရင်ကြီးက မဗျိုင်းကိုမိဖုရားအရာ ကနေဖြုတ်ချပစ် လိုက်တယ်။ နိုင်ငံခြားမှာအလုပ်လာလုပ်တဲ့မြန်မာတွေကလည်း ကိုယ်နိုင်ငံ ခြားကိုလာ ခဲ့ရတဲ့ရည်ရွယ်ချက်နဲ့ဘဝကိုမမေ့စေချင်ပါဘူး။ အလုပ်လုပ်ရမယ်။ ငွေစုရမယ်။ လုံလောက်အောင်ရ ရင်မြန်မာပြည်ပြန်ရမယ်။ ဒီရည်ရွယ်ချက် တွေပျောက်ပြီးသောက်စားမူးယစ်ပျော်ပါးနေရင် အရင်ဘဝက ထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ ပြည်ပနိုင်ငံကြီးတွေက သူတို့နိုင်ငံက သယံဇာတတွေကို ထုတ်မသုံး ကြပါဘူး။ ဥပမာ တရုတ်နိုင်ငံဆိုရင် ကျွန်းသစ်နှင့်အခြားသယံဇာတ တွေကိုသူတို့နိုင်ငံမှာသစ်တောတွေရှိ လျက်နဲ့မသုံးဘဲနဲ့ သူတို့ရဲ့ရာသီဥတု ပျက်စီးမှာစိုးလို့ မြန်မာဆီကယူသုံးတယ်။ သူတို့ရဲ့သဘာဝအလှ ကိုအပျက်မခံဘူး။ ဒီလိုပဲအနောက်နိုင်ငံကြီးတွေတချို့ဆိုရင်လည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ တွေကိုထုတ်မ သုံးကြဘဲ တခြားနိုင်ငံကပဲမှာသုံးကြတယ်။ ဒါဟာဘာနဲ့တူ သလဲဆိုတော့ ကိုယ့်မြေကိုယ့်ရေနဲ့ ကိုယ့် တိုင်းပြည်ရဲ့သက်မဲ့တွေကို မပျက်စီး စေချင်တဲ့သဘောပေါ့။ နှမြောကြတယ်။ ဒီအချိန်မှာပဲ မြန်မာတွေ ကတော့ ဂုဏ်သိက္ခာတွေမာနတွေ လူ့အဆင့်အတန်းတွေကိုမငဲ့ဘဲ သူများတိုင်းပြည်မှာ အောက်ကျနောက် ကျခံနေကြရပါလားလို့တွေးရင်း မျက်ရည်ဝဲခဲ့မိတယ်။ အဲဒီ အချိန်ကစပြီး မြန်မာတွေဆီကဘာအလှူခံမှ လည်း မမျှော်လင့်ချင်တော့ဘူး။ ဒီတရားကိုဟောတဲ့အခါ ဒီဒကာ ဒကာမတွေဆီလာတာ အလှူခံဖို့မဟုတ် ဘူး။ ဒီအသိတရားတွေပေးဖို့လာတာ။ နိုင်ငံခြားကမြန်မာတွေဟာ မြန်မာ ပြည်ကမြန်မာတွေထက်အလုပ် လုပ်ရတာပိုပင်ပန်းပါတယ်။ ဒါကြောင့်အလှူ တောင်မခံရက်တော့ပါဘူး။ အဲဒီတရားကိုဟောရင်းနဲ့ ရဟန်းဘဝကိုစွန့်ပြီး ကိုယ်တိုင်ရှာဖွေလှူရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့စိတ်ကူးမျိုး ပေါ်ခဲ့ မိပါတယ်။

မေး - တခြားရဟန်းတွေလူဝတ်လဲတာတွေအများကြီးတွေ့ခဲ့ကြားခဲ့ဖူးပါတယ်။ ဆရာမေတ္တာရှင်(ရွှေပြည် သာ)လူဝတ်လဲခါမှ သတင်းစာထဲမှာလူသိရှင်ကြား ဘာကြောင့်ကြေညာရတာပါလဲ။

ဖြေ - ရိုးသားချင်လို့ပါ။ လူမသိအောင်လူဝတ်လဲထားပြီး ရဟန်းအမှတ်နဲ့မှိန်းပြီး လက်ခံရင်မရိုးသားတော့ပါ ဘူး။ လူဝတ်လဲပြီးတာကိုသိလျက်နဲ့မေတ္တာ၊ ကရုဏာဆိုတာ နာမ်တရာသဘောတရားသက်သက်လေး ပဲလေ။ ရုပ်တရားမှ မဟုတ်ပဲ။ ဒါကြောင့် အဝတ်ပြောင်းရုံနဲ့နှစ်ပေါင်းများစွာပွားများလာတဲ့ မေတ္တာတရား ဟာ ပျောက်မသွားနိုင်ဘူးလို့တွေးခေါ်လက်ခံနိုင်သူများက အရင်အတိုင်းပရဟိတအတွက် လာလှူလို့ လက်ခံရင်ရိုးသားရာရောက်ပါတယ်။ ဒါကြောင့်ကြေညာရတာပါ။ နောက်တစ်ချက်က ရဟန်းဘဝက ပစ္စည်းငွေ ကြေးတွေကို ရဟန်းဘဝမှာပဲထားခဲ့သင့်တယ်။ သို့မဟုတ် အများအကျိုး အတွက် လှူခဲ့သင့် တယ်ဆိုတဲ့ အတွေးအခေါ်လေးကိုလူဝတ်လဲသူတိုင်းရစေ ချင်လို့လဲကြေညာရတာပါ။ တချို့သော ရဟန်းတွေက လူဝတ်လဲရင် ဝတ္ထုငွေ ကြေးမပြောနဲ့ ဘုန်းကြီးကျောင်းကိုတောင်ရောင်းစားသွားတတ်လို့ စံနမူနာ ပြဖြစ်ချင်လို့လည်း အခုလိုကြေညာရတာပါ။

မေး - ဆရာ့အနေနဲ့ ဖေ့ဘွတ်တွေ၊ အင်တာနက်တွေမှာ ဆရာ့ကိုတိုက်ခိုက်နေတာဟာ ဘာကြောင့် လို့မြင်ပါသလဲ။ အဲဒီတိုက်ခိုက်သူတွေနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။ ရှင်းပြပေးပါ။ နောက်ပြီး လက်ရှိ အင်တာနက်နဲ့ ဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာရော ဆရာ့အမြင်လေးများရှိရင်ပြောပြပေးပါလား။
ဖြေ - ဓမ္မဓိဋ္ဌာန်ပြောရင် ဝိပဿနာသဘောသက်ဝင်တာကြောင့်ကုသိုလ်ဖြစ်ပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်ပြော ရင် လောဘနဲ့ဒေါသပါတတ်လို့ အကုသိုလ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဦးနီဆိုတဲ့လူတစ်ယောက်က သူတစ်ပါးငွေကို လိမ်ညာ ယူခဲ့ရင် ဦးနီကလူယုတ်မာကြီးလို့ပြောလိုက်ရင် ပုဂ္ဂိုလကိုဦးတည်တဲ့ အတွက် ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပါတယ်။ ဒေါသပါတဲ့အတွက်အကုသိုလ်ဖြစ်တတ် ပါတယ်။ ဦးနီရဲ့သန္တာန်မှာဖြစ် တတ်တဲ့ လောဘဓာတ်ကြီးက ယုတ်မာလိုက် တာလို့ပြောခဲ့ရင် ဓမ္မ(သဘောတရား)ကိုဦးတည်တဲ့အတွက် ဓမ္မဓိဋ္ဌာန်ဖြစ်ပါ တယ်။ နာမ်တရားလို့အမှန်ကိုသိရတဲ့အတွက်ကုသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ဖြစ်ချင်ရင်၊ ဝိပဿနာရှု့တတ်ချင်ရင် အာရုံနဲ့တိုက်ဆိုင်တိုင်းဓမ္မဓိဋ္ဌာန် ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဖြစ်ရပ်မှန်ကိုရှင်းပြတဲ့အခါ ဘယ်သူ့ ကိုမှဘယ်ပရဟိတလုပ်ငန်းကိုမှမထိခိုက်စေချင်တဲ့အ တွက် နေရပ်လိပ်စာ၊ နာမည်တွေမထည့်ဘဲ ဓမ္မဓိဋ္ဌာန်ပဲပြောပါမယ်။ မှားပြောတာပါရင်အချိန်မရွေး မျက်နှာချင်းဆိုင် လာရှင်းနိုင်ပါတယ်။ နောင် တစ်ချိန်မှာဒီအကြောင်းအရာတွေကိုစာအုပ်တစ်အုပ်ရေး ထုတ်မှာပါ။

 ၂ဝဝ၉ ခုနှစ်လောက်တုန်းကပေါ့။ ဆရာ့ဆီကိုဖုန်းထဲ ကနေ ရဟန်းတစ်ပါးက သိန်းနှစ် ဆယ်လောက်အ လှူခံတယ်။ ဘာအတွက်လဲဆိုတော့ သူဟာ ရဟန်းသီလရှင်တွေအတွက် ကွန်ပျူတာ အခမဲ့သင်တန်း ဖွင့်ထားတယ်။ လူထွက်သွားတဲ့ဘုန်းကြီးတစ်ပါးက သူ့ကျောင်းမြေခွဲရောင်းတာကို ဒီရဟန်းငယ်က ဝယ်ပြီးကျောင်းတည်ထားတာပါ။ သူကအရေးကြီးကြီး မကြီးကြီးအမြဲတမ်းလိမ် ညာပြောတတ်လို့ သူ့နာမည်ကို ဦးကလိမ် လို့ပဲမှတ်ထားရအောင်။ တကယ်တော့ သူဟာလူမျိုးခြား ရဟန်းတစ်ပါးပါ။ အဲဒီအချိန်က သူ့အသက်ဟာ ၂၅ နှစ်လောက်ပဲ ရှိသေးတာပေါ့။ သူကအင်တာနက်ကနေ တစ်ဆင့် သြစတြေးလျက ကိုမျိုးဆိုတဲ့သူဆီကို အိမ်သာသုံးလုံးတွဲလှူဖို့ လှမ်းအလှူ ခံပါတယ်။

ကိုမျိုးကလိုအပ်တဲ့နေရာမှာ တကယ်လှူပေးနေတဲ့မေတ္တာရှင်-ရွှေပြည်သာထံမှာ အလှူခံပါလို့ပြန်ပြောပြီး ဆရာ့ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါသတဲ့။ ဖုန်းထဲကနေမေးကြည့်တော့ သူဝယ်တဲ့မြေကွက်ထဲမှာ အိမ်သာ သုံးခန်းတွဲက ပါပြီးသား။ ဒါပေမယ့် မြေကွက်ရောင်းချတဲ့ဘုန်းကြီးကျောင်းက သီလရှင်တွေကလောဘ တက်ပြီး မြေကိုသာရောင်းတာ။ အိမ်သာမပါဘူးဆိုပြီးဖြတ်ယူဖို့ကြိုးစားနေတာကြောင့် ကူညီပါလို့အသနားခံ လာပါတယ်။ တကယ်ဟုတ်ရင်လှူမယ်ဆိုပြီး ဆရာကိုယ်တိုင်လိုက်ကြည့်တဲ့အခါ အိမ်သာသုံးခန်းတွဲကို တကယ်တွေ့ရတယ်။ ဒါကအမှန်တရားပေါ့။ ဒါကြောင့်သိန်းနှစ်ဆယ် လှူပေးလိုက်တယ်။ ဒါပေမယ့်အမှား တရားကလည်းပါနေပြန်တယ်။ အဲဒီလိုလှူပြီးမှပဲ မြေရောင်းတဲ့သီလရှင်တွေကလာပြီး ဆရာ့ကိုပြောပါတယ်။ ဦးကလိမ်ကအခုလိုလိမ်ပြီး အလှူခံနေကျပါ။ တကယ်တော့မြေရောင်းကတည်းက အိမ်သာပါထည့် ပေး လိုက်ပြီးသားပါ။ သက်သက်လိမ်ပြီးအလှူခံနေတာပါပဲ။

ဦးကလိမ်မျက်နှာကွက်ခနဲပျက်သွားတာကို မြင်လိုက် ရတယ်။ ဒါပေမယ့်ဦးကလိမ်ကကြိုတင်ပြီး ဒီသီလ ရှင်တွေစိတ်ယုတ်မာရှိတဲ့အကြောင်းဆရာ့ကိုပြောထားတဲ့ အတွက် သေချာမစစ် ဆေးတော့ဘဲမနာ လိုလို့ပြောတာနေမှာပါဆိုတဲ့မှတ်ချက်နဲ့ဒီအမှုကိုသိမ်းပစ်လိုက်တယ်။ တကယ်တော့ဦးကလိမ်ဟာ ဆရာ့ကို တွေ့စဉ်ကတည်းကပရဟိတကိုဗန်းပြပြီးလိမ်ညာခဲ့တာပါ။ ဖြူစင်တဲ့ သူဟာ သူတစ်ပါးကို လည်းဖြူစင်မယ်လို့ပဲထင်တတ်တယ်။ လိမ်တဲ့သူဟာလည်းသူတစ်ပါးကို လိမ်မယ် လို့ပဲထင်တတ်တယ်။ ဆရာဟာ ဦးကလိမ်ကိုဆရာ့လို့ဖြူစင်မယ်လို့ပဲ ယုံကြည်တယ်။ တကယ်တော့ငွေ တစ်မတ်ထက်ကျော် လွန်ပြီးတစ်နည်းနည်းနဲ့ခိုးယူခဲ့ရင်ပဲ ပါရာဇိကျကတာမဟုတ်လား။ ငယ်ဖြူရဟန်းတစ်ပါး အနေနဲ့ ပါရာဇိကျကအောင်ဘယ်တော့မှခိုးခြင်း၊ လိမ်ခြင်းလုပ်မှာမဟုတ်ဘူးလို့ထင်ထားတာဟာ ဆရာ့ရဲ့အားနည်းချက်ပါပဲ။

ဦးကလိမ်ဟာ ၂ဝဝ၉ ကနေ ၂ဝ၁၄ အထိ ဆရာ့နားမှာကပ်ပြီး လိမ်ခွင့်ခိုးခွင့်ရသွားတာဟာ ဒီအထင်ကြောင့် ပဲပေါ့။ ဦးကလိမ်နေတဲ့မြို့က မန္တလေးနဲ့ကပ်လျက်ပါ။ သူ့ကျောင်းကိုသွားကြည့် ပါ။ မေတ္တာရှင်-ရွှေပြည် သာလို့စာလုံးကြီးကြီးနဲ့ရေးထားတဲ့သုံးခန်းတွဲအိမ်သာကြီးကို ယခုအချိန်တိုင်အောင်တွေ့နိုင်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်းကျည်စုရွာ၊ မြို့သစ်မြို့နယ်၊ ပုဂံညောင်ဦးမြို့နယ်၊ ရေနီရွာ၊ မတ္တရာစတဲ့နေ ရာတွေမှာ အဝိစိတွင်း ၆ တွင်းလောက် တူးလှူဖူးပါတယ်။ ဦးကလိမ်ကိုငွေအပ်ပြီး ဘာစာရင်းမှမစစ်ဘဲလုပ် ခိုင်းခဲ့တာပါ။ သူကလည်း ဘာစာရင်းမှမပြပါဘူး။ တကယ်ကတော့ ဒီကစာရင်းမတောင်းတောင် သူကတော့မှန်ကန်မယ်ဆိုရင် စာရင်းဇယားအတိအကျကိုပြသင့်တယ်ထင်ပါ တယ်။ တစ်တွင်းသိန်း ၁၂ဝ ကျတယ်ပြောရင်း ၁၂ဝ တစ်ခါတည်းပေးလိုက်တာပါ။ လိမ်မလိမ်ကတော့ ဦးကလိမ်ကအသိဆုံး နေမှာပါ။ အချီကြီးကြီးလှူတဲ့ပရဟိတတိုင်းမှာ သူဟာဘယ်တော့မှ စာရင်းရှင်းတာမတွေ့ရပါဘူး။ ဒီလိုနဲ့ဦးကလိမ်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ဘီးလူးရုပ်ကြီးပေါ်ဖို့အကြောင်းဖန်လာပါတယ်။

ကမ္ဘာ့ဂန္ထဝင်ရသစာပေတွေများစွာဖတ်ဖူးတဲ့ လူတစ်ယောက်ဟာ အမေရိကန်ကနေမြန်မာပြည်ကိုရောက် လာပါတယ်။ အကြောင်းကတော့မြန်မာပြည်ကိုသိပ်ချစ်တဲ့ သူ့ဖခင်ဟာ အမေရိကန်မှာကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့အရိုးပြာကိုမြန်မာပြည်မှာပဲ အုတ်ဂူသွင်းဖို့မှာထားတာကိုလုပ်ဆောင် ပေးဖို့ပါပဲ။ တစ်ရက်မှာ တာ့ ရွှေတိဂုံဘုရားသွားဖူးရင်း ဆရာရေးတဲ့အရှုံးမရှိသောဒဿနစာအုပ်ရယ်၊ မေတ္တာဖြင့်စီးပွားရှာ ခြင်း စာအုပ်ဖတ်ပြီး ဆရာ့ကိုကြည်ညိုလေးစားသွားတယ်။ သူ့ဖခင်အတွက်လပတ်ဆွမ်းကျွေးလုပ်ဖို့လာပင့်ရင်း စတင်သိကျွမ်း ခဲ့ကြတယ်။

ဆရာ့ရဲ့စာအုပ်တွေကိုဖတ်ပြီးဖတ်သူရဲ့နှလုံးသားကိုထွင်းဖောက်နိုင်အောင်ရေးနိုင်တဲ့ဒီလိုစာရေးဆရာ
တစ် ယောက်ဟာ မြန်မာပြည်တစ်ခုတည်းအတွက်မဖြစ်သင့်ဘူး။ အင်္ဂလိပ်စာတတ်တဲ့ တစ်ကမ္ဘာလုံးက လူတွေအတွက်ပါဖြစ်သင့်တယ်။ ဆရာသာ ဂန္ထဝင်ဝတ္ထုကြီးတွေကိုအင်္ဂလိပ်လိုကောင်းကောင်းရေးနိုင်ရင် အင်္ဂလိပ်စာတတ်တဲ့ဘာသာမျိုးစုံ၊ လူမျိုးစုံ က လူတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်လာနိုင်တယ်။ ဗုဒ္ဓဘာသာ ရဲ့အနှစ်ကိုအကြောင်းတိုက်ဆိုင်တိုင်းထည့်သွားမှာကိုး။ အနောက်နိုင်ငံတွေမှာက စာပေပြိုင်ပွဲတစ်ခုဝင်လို့ ဆုရရင်လည်း ပရဟိတအတွက်အများကြီးထောက်ပံ့လှူဒါန်းနိုင်တယ်။ စာပေဆုတစ်ခုခုလောက်ဆွတ်ခူးနိုင် ရင်ဆုကြေးကအနည်းဆုံးဒေါ်လာတစ်သန်းပဲ။ ဒါရိုက်တာတွေကကြိုက်လို့ရုပ်ရှင်ရိုက်ပြီ ဆိုရင်တော့ ဒေါ် လာသန်းနဲ့ချီပြီးရတာ။ ဒီလိုဆိုရင်မြန်မာပြည်က ပရဟိတတွေအတွက်ကြိုက်သလောက်လှူပေးတော့ ပေါ့။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အနောက်နိုင်ငံတစ်ခုမှာနေပြီး အင်္ဂလိပ်စာရေးနိုင်ဖို့ကြိုးစားမယ်လို့ စိတ်ကူးဖူးတယ်။ ဒါပေမယ့်အကောင်အထည်မပေါ်ခဲ့ဘူး။ အခုတော့အနောက်နိုင်ငံတစ်ခုမှာနေရင်း မိမိရဲ့စားဝတ်နေရေးတစ်ခုကိုသာမက စာပေအတွက်ပါပါရမီဖြည့်ပေးမယ့်သူကိုတွေ့ရတော့ အားလည်း တက်ခဲ့မိတယ်။ ဒီလိုနဲ့ဦးကလိမ်ကိုတိုင်ပင်ကြည့်တော့ ဦးကလိမ်ကအားပေးတယ်။ ကူညီတယ်။ ပထမနိုင်ငံခြားတရားပွဲတွေဟော၊ နောက်ဥရောပမှာလည်၊ ပြီးမှတိတ်တိတ်လေး လက်ထပ်ဖို့အကြံပေးခဲ့ တာ။ ဒီအချိန်မှာပဲဖြစ်ချင်တော့ ၂ဝ၁၃ ခုနှစ်က လည်ချောင်းနာရောဂါ ပြန်ပေါ်လာခဲ့တယ်။ ဒါကြောင့် ဦးကလိမ်ရဲ့အစီစဉ်အတိုင်းမလုပ်ဘဲ ပြည်ပထွက်ပြီး လူဝတ်လဲလက်ထပ်ဖြစ်ခဲ့တယ်။ ပြည်ပနိုင်ငံမှာချော်လဲ ရင်း ခါးရိုးထိတဲ့ဒဏ်ရာကလည်းဖြစ်လာပြန်တော့ လူ့ဘဝမှာရေရှည်လက်တွဲဖို့အတွက် ပါရမီဖြည့်ဖက်ရွေးခဲ့ ရတော့တာပေါ့။ မိန်းကလေးနဲ့ယောက်ျားလေး ရေစက်ဆုံရခြင်းအကြောင်းနှစ်ချက်ကို ဓမ္မပဒမှာဘုရား ရှင်ဟောကြားထားပါတယ်။ အရင် ဘဝတွေကအတူကုသိုလ်ပြုခဲ့ဖူးခြင်း၊ ယခုဘဝမှာလည်း တစ်ယောက်ကောင်းကျိုးတစ်ယောက်သယ်ပိုးခြင်းတို့ဟာ ရေစက် ဆုံမိခြင်းရဲ့အကြောင်းတရားတွေပါပဲ။ လက်ထပ်ဖို့ကိစ္စဟာ အစောကြီးကတည်းက ဦးကလိမ်သိပြီးသားပါ။ အခုမှသာ သူအရင်ကဘာမှမသိသလို သွားခါနီးမှသိလို့အပြင်းအထန်တားသေးတယ် မရလို့ပါဆိုတဲ့အပေါက်မျိုးနဲ့လူအများစုကို သူလုပ်နေ ကျအတိုင်းလိမ်ညာပြီး ဆရာရဲ့ဒကာတွေကိုသူ့ဘက်မပါပါအောင် ဆွဲဆောင်ခဲ့တာပါ။ ဦးကလိမ်ရဲ့တပည့်တွေ ဆရာ့ကို
Khin Thandar
https://www.facebook.com/kyaw.gyi.5203577?fref=ts&ref=br_tf

0 comments:

Post a Comment