Saturday, July 12, 2014

အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင်စာရင်း ထွက်ရှိ

12 July 2014
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရွှေဘောလုံးဆုအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဆန်ကာတင်စာရင်းမှာ ဂျာမနီကစားသမား ၄ ဦး၊ အာဂျင်တီးနားကစားသမား ၃ ဦးနဲ့ ဘရာဇီး၊ ကိုလံဘီယာနဲ့ နယ်သာလန်တို့က ကစားသမား ၁ ဦးစီ ပါဝင်နေတယ်လို့ သိရပါတယ်။

2014WorldCup Goldem Ballရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နေတဲ့ ဂျာမနီ ကစားသမားတွေကတော့ နောက်ခံလူ မက်စ်ဟမ်းမဲလ်၊ ညာနောက်ခံလူ ဖိလစ်လန်း၊ ကွင်းလယ်သမား တိုနီခရူးစ်နဲ့ ရှေ့တန်း တိုက်စစ်မှူး သောမတ်စ်မူလာတို့ ပါဝင်နေပါတယ်။

အာဂျင်တီးနားအသင်းရဲ့တောင်ပံကစားသမား အိန်ဂျယ်လ်ဒီမာရီယာ၊ ကွင်းလယ် ကစားသမား ဇာဗီးယားမာရှေယာနိုနဲ့ အသင်းခေါင်ဆောင် လီယွန်နယ်မက်ဆီတို့လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။

ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ နယ်သာလန်အသင်း ရှေ့တန်းလူ အာဂျန်ရော်ဘင်နဲ့ ဘရာဇီးက နေမာတို့လည်း ရွှေဘောလုံးဆုရဲ့ ဆန်ကာတင် ၁၀ ယောက်စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment