Wednesday, June 18, 2014

သန္တိသုခဖြစ်ရပ်အပေါ် သံဃာထု တစ်ရပ်လုံးမှ ရှုတ်ချ

Tue, 06/17/2014မဟာသန္တိသုခကျောင်းအား အကြမ်းဖက်ပုံစံဖြင့် ၀င်ရောက်စီးနင်းသည့် အပေါ် သံဃာထု တစ်ရပ်လုံးမှ ရှုတ်ချလိုက်ကြောင်းနှင့် ဖမ်းဆီးထားသော ဆရာတော်ဦးဥတ္တရနှင့် သံဃာတော်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အတွက် ဆရာတော် ဦးပါမောက္ခမှ တောင်းဆိုထားကြောင်း သိရသည်။

တိုင်းသံဃ မဟာနာယက ဥက္ကဋ္ဌ ဦးအိန္ဒြဆိုတဲ့ ဆရာတော်ကလည်း ဒါတွေကို လုပ်သွားတာက နိုင်ငံတော် အကြံပေး ဦးအံမောင်ရယ် သာသနာရေး ၀န်ကြီးဌာနက ဦးဆန်းဆင့်ရယ်၊ နိုင်ငံတော် သံဃမဟာ နာယက ရယ်၊ တိုင်းသံဃမဟာ နာယက ဥက္ကဋ္ဌရယ် ပူးပေါင်းပြီးတော့ အခုလို မတော်မတရားတွေ လုပ်သွားတဲ့ အပေါ်မှာ ဦးဇင်းတို့ သံဃာအစုကြီး တစ်ဖွဲ့လုံးက ကန့်ကွက်တယ်၊ ရှုတ်ချတယ်၊ ဖမ်းဆီး ခံရတဲ့ သံဃာတွေ လည်း အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဆရာတော် ဦးပါမောက္ခက ပြောသည်။

မဟာသန္တိသုခကျောင်းသည် ပီနံဆရာတော်မှ ဖောင်းဒေးရှင်းချပြီး ပုဂ္ဂလိကပိုင် ကျောင်းကြီး တစ်ကျောင်း ဖြစ်သည်။ ၄င်းကျောင်းအား နိုင်ငံတော် သံဃမဟာနယကမှ နှစ်ဖက် စစ်ဆေးမှုများ မပြုလုပ်ဘဲ တစ်ဘက်သတ် စကားအား အတည်ယူပြီး အနုကြမ်းစီးသကဲ့သို့ သံဃာအင်အား ၃၀၀ခန့်ကို ရန်ကုန်တိုင်း အတွင်း မြို့နယ် ၁၂မြို့နယ်ရှိ ကျောင်းများတွင် တစ်ကျောင်းလျှင် ၂၂ပါး နှုန်းဖြင့် လိုက်လံပို့ဆောင်ပြီး သံဃာအစုကို ခွဲလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဇွန်၁၁ရက် နံနက် ၁နာရီတွင် အကြိမ်းဖက် ခံခဲ့ရသည့် မဟာသန္တိသုခကျောင်း ဖြစ်ရပ်နှင့် ပတ်သတ်၍ ဆရာတော်က “သံဃာ့နာယက အဖွဲ့က စည်းကမ်း ထိန်းသိမ်းရေး ဆရာတော်တွေကို တစ်ဖက် လှည့်နဲ့ ခေါ်လာပုံက ဒုလ္လဘရဟန်းတွေ သူပုန်သဘောမျိုးနဲ့ ၀င်လာတယ် သူတို့တွေရဲ့ လက်နက်တွေနဲ့ သူတို့ကို စစ်မေးဖို့ဆိုပြီး သံဃာ တစ်ချို့ကို စည်းရုံးလာတယ်၊ ပြီးတော့ မဟာသန္တိသုခကျောင်းကို ၀င်စီးတယ်၊ ရဲအင်အားကလည်း ၃၀၀လောက်ပါလာတယ်၊ သံဃာ တစ်ချို့ကိုလည်း ကမ္ဘာအေး ရောက်တဲ့ အချိန်မှာ လူဝတ်လဲရမယ်ဆိုပြီး အတင်းခိုင်းတယ် အဲဒါကို ဗဟန်းမြို့နယ် သံဃာ့ နာယက အတွင်းရေးမှူး ဆရာတော် ဦးဇ၀နက ဒီလိုမလုပ်ဖို့ တောင်းပန်တဲ့အခါ တစ်ဖက်က လက်မခံကြဘူး။ ဒါကြောင့် ဦးဇင်း အနေနဲ့ ဒါတွေနဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် မလှိမ့်တပတ် နဲ့ သံဃာတွေကို စည်းရုံးပြီး ကလိန်ကကျစ် လုပ်တာဖြစ်တယ်။”ဟု မိန့်ကြားခဲ့သည်။
Zay Thu
Tomorrow News Journal

0 comments:

Post a Comment