Friday, June 13, 2014

စပိန် ၁-၅ ဟော်လန်

ဗန်ပါစီရဲ့ လှပလွန်းတဲ့ ခေါင်းတိုက်ချက် အဖွင့်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပွဲချိန် (၄၄)မိနစ်မှာ ဗန်ပါစီက ဒီဘလိုင်းရဲ့ ဖြတ်တင်ဘောကတစ်ဆင့် လှလှပပ ခေါင်းတိုက်ပြီး ပြန်ချေပခဲ့တာပါ။

ပွဲချိန် (၅၃)မိနစ်မှာ ဒီဘလိုင်းရဲ့ ပေးပို့မှုကို ရော်ဘင်က သေသေသပ်သပ် ထိန်းပြီး စပိန်နောက်ခံလူတွေကို လိမ်ခေါက်ပြီး ကန်သွင်းခဲ့တာကြောင့် ဟော်လန်တို့ ဒုတိယဂိုး ရသွားခဲ့ပါတယ်။ ဒါတင်မကဘဲ ပွဲချိန် ၆၄မှာ ဒီဗရိုင်းရဲ့ ခေါင်းတိုက်ချက်၊ ၇၂မိနစ်မှာ ကာဆီးလက်စ်ရဲ့ အမှားကတစ်ဆင့် ဗန်ပါစီ၊ ပွဲချိန် (၈၀)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရော်ဘင်တို့က ဟော်လန်အတွက် ဂိုးတွေ ထပ်သွင်းနိုင်ခဲ့လို့ စပိန်အသင်း (၁-၅)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

YoYarLay

0 comments:

Post a Comment