Wednesday, June 11, 2014

မင်းဘူးမြို့နယ် သံဃမဟာနာယကအဖွဲ့ တားမြစ်သော်လည်း ဒယ်အိုး ဆရာတော် ဥူးသုမင်္ဂလ တရားပွဲ ဆက်လက်ကျင်းပခဲ့

11 June 2014
မင်းဘူးမြို့နယ်တွင် ကျင်းပမည့် ဆရာတော် ဥူးသုမင်္ဂလ တရားပွဲအား နယ်လှည့် ဓမ္မကထိက ဆရာတော်၏ အင်္ဂါရပ်များဖြင့် မညီညွတ်ဟုဆိုကာ မင်းဘူးမြို့နယ် သံဃမဟာနာယက အဖွဲ့မှ တားမြစ်ခဲ့ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက Tomorrowသို့ ပြောသည်။

“တားတာဆီးတာတွေ မလုပ်ပါဘူး အင်္ဂါရပ်တွေနဲ့ မညီညွတ်တဲ့ အတွက်ကြောင့် ဒီတရားပွဲကို မလုပ်သင့် ဘူးလို့ နူးညံသိမ်မွေ့စွာ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဂရုမစိုက်ပါဘူး ဆက်ပြီး ဟောပြောခဲ့တယ်၊ တရားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားအရ တရားမဟုတ်တဲ့ဟာတွေ ဟောတာ မတွေ့ရဘူး ဒါကြောင့် ဒီတရားပွဲကို အသာတကြည်ဘဲ ထားခဲ့တယ်”ဟု မြို့နယ် သသာနာရေး ဦးစီး အရာရှိ ဦးကျော်ဆွေက Tomorrowသို့ ဆက်လက်ပြောသည်။

တရားဟောကြားမည့် ဓမ္မကထိက ဆရာတော် တစ်ပါး၏ ဂုဏ်အင်္ဂါ အရည်အချင်းများနှင့် ပတ်သတ်၍ နိုင် ငံတော် သံဃ မဟာနာယက (၄၇)ပါးမှ အချက်(၉)ချက် သတ်မှတ်ထားကြောင်းနှင့် ဂုဏ်အင်္ဂါ အရည်အ ချင်းများ ပြည်စုံမှသာ တရားဟောကြားရမည် ဖြစ်ကြောင်း ဆရာတော် ဥူးသုမင်္ဂလအား အဆိုပါ ဂုဏ်အင်္ဂါ ကိုးချက်ဖြင့် မပြည်စုံသောကြောင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက ရှင်းပြသည်။

“ဂုဏ်အင်္ဂါကိုးချက်နဲ့ မညီညွတ်ဘဲ တရားဟောတဲ့ နေရာမှာ တရားမဟုတ်တဲ့ အကြောင်းအရာတွေကို တရားပရိသတ် နားထောင်မိရင် လမ်းကြောင်း မှားသွားနိုင်တယ်၊ ပုဂ္ဂိုလ်အနေနဲ့ တားဆီးတာ မဟုတ်ဘူး တရားဟော ကျမ်းဂန် ပဋိကတ်တွေပါ အဆီအနှစ်တွေ ဟောပြောဖို့ ရည်ရွယ်တာပါ”ဟု ၄င်းမှ ဆက်လက်ပြောသည်။

ဆရာတော် ဥူးသုမင်္ဂလထံသို့ တိုက်ရိုက် မပြောကြားခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တရားပွဲ ကျင်းပ ပြု လုပ်သော တရားပွဲ ဖြစ်မြောက်ရေး အဖွဲ့ကိုသာ ဂုဏ်အင်္ဂါနဲ့ မညီညွတ်၍ တရားပွဲမ ပြုလုပ် စေလိုကြောင်း မြို့နယ် သံဃမဟာ နာယကအဖွဲ့မှ ပြောကြားခဲ့သည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ အမှတ် ၄ရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းကြီးကျောင်းတွင် ဇွန်လ ၆ ရက်နှင့် ၇ရက်ညများတွင် ဆရာတော် ဥူးသုမင်္ဂလမှ မြို့နယ် သံဃမဟာနာယက အဖွဲ့မှ တားမြစ်ခဲ့ သော် လည်း တရားဟောခဲ့ကြောင်း သိရသည်။
Tomorrow

0 comments:

Post a Comment