Monday, June 9, 2014

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ နိုင်ငံတကာလေဆိပ်ကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်၍ လူ ၂၃ ဦးသေဆုံး

Monday, June 9, 2014
အစ္စလာမ်မာဘတ်- သေနတ်သမားများသည် ဇွန်လ ၈ ရက်တွင် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးလေဆိပ် တစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူ ၁၀ ဦးအပါအဝင် အနည်းဆုံးလူ ၂၃ ဦးသေဆုံးခဲ့သည်ဟု မီဒီယာများကဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ်နာဝပ်ရှာရစ်ဖ်အစိုးရသည် နှစ်ကြာမြင့်နေပြီဖြစ်သော နိုင်ငံတွင်းဆူပူအကြမ်းဖက်မှုကို အဆုံးသတ်နိုင်ရန်အတွက် ပါကစ္စတန်တာလီဘန်စစ်သွေးကြွများနှင့် စေ့စပ်ညှိနှိုင်းမှု များပြုလုပ်ရန် ကြိုး ပမ်းနေစဉ် ကရာချိမြို့ဂျင်းနားနိုင်ငံတကာလေဆိပ်၌ တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ပစ်ခတ်သံများကိုအချိန်အတော်ကြာအောင် ကြားနေခဲ့ရပြီး လေဆိပ်ထဲ၌ မီးများတောက်လောင်နေသည်ဟု ရုပ်သံလိုင်းများကဖော်ပြသည်။ ဇွန်လ ၉ ရက် အရုဏ်တက်ချိန်တွင် ဂျင်းနားနိုင်ငံတကာ လေဆိပ်ကို ပြန် လည်ရယူနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကပြောသည်။ သေနတ်သမားများအားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့ သည်ဟု ဗိုလ်ချုပ်အာဆင်းဘက်ဝါပြောကြားသည်ကို Dawn သတင်းစာကကိုးကားဖော်ပြသည်။

ဇွန်လ ၈ ရက်နေ့တိုက်ခိုက်မှုကို မည်သည့်အဖွဲ့မျှတာဝန်ယူပြောကြားခြင်းမရှိသော်လည်း ပါကစ္စတန် တာလီဘန် စစ်သွေးကြွများသည် အစိုးရကိုဖြုတ်ချ၍ ပြင်းထန်သောအစ္စလာမ်မစ်ဥပဒေ ပြဋ္ဌာန်းရန်ကြိုး ပမ်းနေသည်။

ပါကစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ယခုအချိန်ထိ  မအောင်မြင်သေးပေ။
7Day Daily
Ref: Reuters

0 comments:

Post a Comment