Friday, June 27, 2014

သန္တိသုခအရေး တရားရုံး၏ ဆုံးဖြတ်ချက် နိုင်ငံရေးကို ဂယက်ရိုက်မည် ဟု ကိုမင်းကိုနိုင် ပြော


ရန်ကုန်။ဇွန်၊၂၇ရက်။
သန္တိသုခ​ကျောင်းတိုက်​ အ​ရေးကိစ္စတွင်​ လက်​ရှိတရားရင်​ဆိုင်​​နေရသည့်​ ဆရာ​တော်​ငါးပါးနှင့်​ ပတ်​သက်​၍
တရားရုံး၏ဆုံးဖြတ်​ချက်သည်​ မြန်​မာ့နိုင်​ငံ​ရေးကို ဂယက်​ရိုက်​မည်​ဟု ၈၈ငြိမ်း/ပွင့်​ မှ ကိုမင်းကိုနိုင်​က
ပြောကြားခဲ့သည်​။ “အခုမှ အစဖြစ်​လို့ ​ဝေဖန်​ချက်​​ပေးဖို့ ​စော​သေးတယ်​။ ဒါ​ပေမယ့်​ ဒီတရားရုံးရဲ့ ဆုံးဖြတ်​ချက်​​တွေက မြန်​မာ့နိုင်​ငံ​ရေးကို အနည်းနဲ့ အများ​တော့ ဂယက်​ရိုက်​မယ်​ဆိုတာ ကြို​ပြောနိုင်​တယ်​”ဟု ၎င်းက ​ပြောသည်​။

ပီနန်​ဆရာ​တော်​ ဦးပညာဝံသ ၏ တပည့်​ရင်းဖြစ်​သူ ဦးဥတ္တရ အပါအဝင်​ သံဃာငါးပါးသည်​ ဒုတိယ​​မြောက်​ ရုံးချိန်းအဖြစ်​ တာ​မွေမြို့နယ်​တရားရုံး၌ ယ​နေ့​နေ့လယ်​ ၁၂နာရီမှစတင်​ကာ အမှုရင်​ဆိုင်​​နေရခြင်း ဖြစ်​သည်​။ အကယ်​၍ တရားရုံး၏ ဆုံးဖြတ်​ချက်​သည်​ တရားမျှတမှု မရှိပါက ပြည်​သူလူထု၊ သံဃာထုနှင့်​ ဒကာ၊မ များ၏ တုန့်​ပြန်​မှုကို မလွဲမ​သွေ ရင်​ဆိုင်​ ရနိုင်​​ကြောင်း ကိုမင်းကိုနိုင်​ က ထပ်မံ သုံးသပ်​​ပြောကြားသည်​။

ယ​နေ့ရုံးချိန်း မစတင်​မီကပင်​ စိ​တ်​ပါဝင်​စားသည့်​ အဖွဲ့အစည်းများနှင့်​ ပြည်​သူအများအပြားသည်​ တာ​မွေတရားရုံး​ရှေ့ ​ ရောက်​ရှိ​နေကြပြီး တရားရုံး၏ ဆုံးဖြတ်​ချက်​ကို ​စောင့်​ဆိုင်း​နေကြလျက်​ရှိသည်​။ တရားရုံးသို့ ​ရောက်​ရှိလာသူ ကို​နေမျိုးဇင်​က “မဟနနဲ့ အုပ်​ချုပ်​​ရေးအဖွဲ့အစည်း​တွေရယ်​၊ ကျန်​တဲ့ ဘာသာ သာသနာပြု​တွေရဲ့ လိုလားချက်​​တွေ ဘယ်​လို လွန်​ဆွဲမလဲ၊ အမှန်​တရားဘက်​​တော်​သား​တွေ ​အောင်​ပွဲခံမလား၊ ဒါမှမဟုတ်​ အတ္တသမား​တွေကို အာဏာက ပင့်​​ပေးမလားဆိုတာကို လာ​စောင့်​ကြည် ​တာပါ”ဟု ​ပြောသည်​။

မ​ကွေးဆရာ​တော်​ ဦးပါ​မေက္ခ၏ မိန့်​ကြားချက်​အရ ​နောက်​ဆုံး သိရှိရသည်​မှာတိုင်းသနာ​ရေးပိုင်းမှ တာဝန်​ရှိသူများလည်း လာ​ရောက်​​ကြောင်း သိရပြီး ယ​နေ့ရုံးချိန်းတွင်း အမှုကို ဆုံးဖြတ်​ချက်​ချနိုင်​မည်​ မထင်​​ကြောင်း သိရသည်​။ “သူတို့​ပြော​တော့ စစ်​​နေတယ်​သာ​ပြောတာ ဒီကိစ္စရဲ့ အဓိက တရားခံ ဦးအံ့​မောင်​​တော့ လာတာမ​တွေ့ဘူး”ဟု ဆရာ​တော်​က မိန့်​ကြားသည်​။
ထက်နောင်နောင်

0 comments:

Post a Comment