Saturday, June 7, 2014

အွန်လိုင်းရည်းစားကိုအပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား

Sunday, June 8, 2014
“ငါကတော့ နင့်ကိုအရမ်းလှတယ်ထင်ထားတာ ငါအတော်အသုံးမကျတဲ့ကာင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင် ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့  နင့်ကိုသိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး ’’

အထက်ပါစကားများကို ပြောကြားခဲ့သူကတော့ စင်ကာပူကမက်အန်ထော်နီဆိုသူဖြစ်ပါသည်။ သူနှင့် အချိန်ကြာစွာဖေ့စ်ဘွတ်မှာ အွန်လိုင်းရည်စားဖြစ်နေသောမိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။

အန်ထော်နီ၏ ရည်းစားကဖေ့စ်ဘွတ်နှင့် တွစ်တာအွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီးအန်ထော်နီနှင့် အွန်လိုင်းမှတစ်ဆင့် ရည်း စားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင့် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်အပြင်မှာ တော်တော်နှင့် မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကို အမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင် ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော် များများကို လှည့်စားထားသူဖြစ်သည်။  ထိုနည်းကလူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟု မိန်း ကလေးကထင်သည်။ ထိုအထဲမှာမှာကံဆိုးသူမောင်ရှင်က မက်အန်ထော်နီဖြစ်ပါသည်။

လေးလကြာအောင်အဝေးကနေ ချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာ လူချင်းတွေ့ခဲ့ကြ၏။ တွေ့ တွေ့  ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကို တွေ့ လိုက်ရသောအခါ  အန်ထော်နီမှာ အလွန်စိတ် ပျက်ကာကြောက်ရွံ့ အံ့သြသွားရပါသည်။ မိတ်ကပ်တွေ မျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ရည်း mစားမှာရုပ်ဆိုးလှပါချေတကား။

ထိုကဲ့သို့တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာ မိန်းကလေးနှင့် လမ်းခွဲပြီးသည် နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။

အရေးပေါ်ကားများ ရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီးကွယ်လွန်ခဲ့ပါ သည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။

သနားစရာကောင်းသည့် အန်ထော်နီအဖြစ်ကို လူအတော်များများကတွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကိုစုံ စမ်းကြည့်သည့်အခါ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။
(the real Singpore မှ သတင်းကို ဘာသာပြန်ဆိုထားပါသည်)
7Day Daily

0 comments:

Post a Comment