Wednesday, June 18, 2014

အမေ့ရဲ့ ၆၉နှစ်မြောက် မွေးနေ့အတွက်


အမေ့ဆံနွယ် ကနုတ်ခြယ်သည်
တင့်တယ်ကျက်သရေ တဝေဝေ။

အမေ့မျက်ဝန်းတောက်ပရွှန်းသည်
စိန်မွှန်းပြည့်သိပ် တဖိတ်ဖိတ်။

အမေ့ပါးပြင် မို့မို့လွင်သည်
ကြည်လင်ရွှင်ပျ တမြမြ။

အမေ့စကား ခွန်အားများသည်
ခံ့ညားထက်မြက် တလက်လက်။

အမေ့အတွေး မေတ္တာပေး။
အမေ့လက်များ သစ္စာထား။
အမေ့ခြေလှမ်း အကြင်နာလွှမ်း။

အမေမအို နုနယ်ပျို၍
တေးဆိုအောင်ကြောင်း ညွှန်းဖွဲ့လောင်းသည်။
ဒေါင်းအိုးဝေတို့ တွန်စေကစေ
ကောင်းကျိုးပေမို့ ချွန်စေမြစေ။
Bella ZinLinn

0 comments:

Post a Comment