Tuesday, June 10, 2014

ကမ္ဘာ့ဖလားပွဲစဉ်များကို လေယာဉ်ပေါ်တွင် ပထမဆုံးအကြိမ် ကြည့်ရှုခွင့်ရမည်

လန်ဒန်၊ ဇွန် ၁၀
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ် ၆၄ ပွဲကို ပရိသတ်များအနေနှင့် လေယာဉ်ပေါ်တွင် ပထမဆုံးအကြိမ် ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း Daily Mail တွင် ဖော်ပြထားခဲ့သည်။

ကမ္ဘာ့နာမည်ကြီး လေကြောင်းလိုင်းများ ဖြစ်ကြသော Lufthansa, Emirates, Etihad နှင့်တူရ ကီ လေကြောင်းများ အပါအဝင် လေကြောင်းလိုင်း ကိုးခုတို့မှ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကမ္ဘာ့ဖလား ပွဲစဉ်များကို လေယာဉ်ပေါ်တွင် ပြသနိုင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပေါ်တွင် Sports 24 ဟုအမည်ရသော ရုပ်သံလွှင့်လိုင်းမှ တစ်ဆင့် ကမ္ဘာ့ဖလား ပွဲစဉ်များကို ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ထို့အပြင် အမ်းမရိတ် လေကြောင်းလိုင်း၏ ဒုတိယဥက္ကဋ္ဌ ပက်ထရစ်ဘရန်နယ်လီက “ကျွန်တော်တို့ဟာ ၂၀၀၆ ခုနှစ်တုန်းက ဖီဖာနဲ့အတူ ပူးပေါင်းဆောင်ရွက် ကတည်းက ကမ္ဘာ့ဖလား ပွဲစဉ်တွေကို ပြသချင်ခဲ့ ပါတယ်” ဟု FIFA သို့ ပြောကြားသွားခဲ့သည်။

အဆိုပါ Sports 24 ရုပ်သံလိုင်းမှ ကမ္ဘာ့ဖလားပြိုင်ပွဲအပြင် အခြားအားကစားများ ဖြစ်ကြသော Fomula One၊ ဂေါက်ပြိုင်ပွဲ၊ တင်းနစ်ဂရင်းစလင်း ပြိုင်ပွဲများကိုလည်း ထုတ်လွှင့်ပြသလျက် ရှိနေကြောင်း ဆက်လက်ဖော်ပြထားသည်။
The Voice Weekly

0 comments:

Post a Comment