Wednesday, June 11, 2014

မဟာသန္တိသုခကျောင်းတော်အား အင်အားသုံးဖယ်ရှားခြင်း အပေါ် ကန့်ကွက်ခြင်း

ဇွန်လ ၁ဝ ရက်နေ့၊ ည ၁၁းဝဝ နာရီဝန်းကျင်အချိန်က သာသနာရေး ဦးစီးဌာနနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း ၍ ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ “ မဟာသန္တိသုခကျောင်းတော်ကြီး ”ကို
အင်အားသုံး ဝင်ရောက် စီးနင်းသိမ်းပိုက်ပြီး ကျောင်းရှိသံဃာတော် တို့အား အလိုမတူဘဲ အတင်း အကျပ်ခေါ်ဆောင်သွားကာ ကျောင်းတော်ကြီးကို ချိတ်ပိတ်ခဲ့ကြောင်းသိရှိရသည်။

ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတစ်ခုတွင် လွန်စွာ အကျည်းတန်ရုပ်ဆိုးလှသည်။ မဟာ သန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ပြည်ပသာသနာပြု ခရီးကြွ ရောက်နေ စဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားသည့် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့အနေဖြင့်လည်းကောင်း၊ သာသနာဝန်ကြီးဌာနအနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင် ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံး ဖယ်ရှားခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေး အနက်ကန့်ကွက် လိုက်သည်။

ဤဖြစ်ရပ်အတွက် နိုင်ငံတော်သံဃမဟာနာယကနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရတို့တွင် တာဝန်ရှိသလို ၊ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းပါ။ နောက်ဆက်တွဲအနေဖြင့် ဆန့်ကျင်မှုများ၊ ဆန္ဒပြ
မှုများ ပေါ်ပေါက်လာနိုင်သည်။ ဘာသာရေးကိစ္စဆိုသည်မှာ အလွန်သိမ်မွေ့သည့်အတွက် တက်နိုင်သမျှ အညင်သာဆုံးနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ပါကြောင်း ကျွန်ုပ်တို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး
နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ သဘောထားထုတ်ပြန်လိုက်ပါသည်။
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

0 comments:

Post a Comment