Wednesday, June 18, 2014

Amazon နှင့် eBay ၌ ရောင်းချသည့် တရုတ်စမတ်ဖုန်းတွင် malware ပါဝင်ဟုဆို

Wednesday, 18 June 2014
Amazon, eBay နှင့် အခြားအွန်လိုင်းစတိုးများ၌ ရောင်းချနေသည့် တရုတ် Android စမတ်ဖုန်းတစ်ခုတွင် Google Play Store အသွင်ဟန်ဆောင်ပြီး သုံးစွဲသူ၏ အချက်အလက်ကို ခိုးယူသော ဗိုင်းရပ်စ်တစ်မျိုး ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Star N9500 ဟုခေါ်သော Samsung Galaxy S4 စမတ်ဖုန်းနှင့် အသွင်အပြင် တူညီသည့် စမတ်ဖုန်းကို တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော်လည်း ဘဲလ်ဖက်စ်နှင့် ဟောင်ကောင် အခြေစိုက် တစ်ဆင့်ပြန် လည် ရောင်းချသူများက အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြသည်။
Internet Journal

0 comments:

Post a Comment