Thursday, May 29, 2014

၈၈ သွေးသစ်အဖွဲ့နှင့် မိုးညှင်း NLD ပါတီဝင်များအကြား ထိုင်ခုံကိစ္စသဘောထားကွဲလွဲ

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ၈၈ သွေးသစ်အဖွဲ့နှင့် မိုးညှင်း NLD ပါတီများအကြား အချေအတင်စကားများမှုနှင့်အတူ သဘောထားကွဲလွဲမှုများဖြစ်ပေါ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့ သို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို မိုးညှင်း ၈၈သွေးသစ်အဖွဲ့မှ ဖိတ် ခေါ်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီမှ ကချင်ပြည်နယ် သဘာပ တိ၊ မေတ္တာလေညှင်းနာရေးကူညီမှုအသင်းနာယက ဦးဖေစိန်အား ထိုင်ခုံနေရာ၌ထိုင်ခွင့်မပြုခဲ့သဖြင့် ပါတီလူငယ် အချို့နှင့် ၈၈ သွေးသစ်တာဝန်ရှိသူတို့ အခြေအတင်စကားများကြကာ သဘောထားကွဲလွဲ မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြည်လုံးချမ်းသာ ရွှေသာလျောင်း ဘုရားဇာတ်ရုံကြီး၌ ဖွဲစည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးနှင့် နိုင်ငံသား တန်ဖိုး မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲသို့ ဦးဖေစိန်မှလာရောက်ခဲ့ရာ မိုးညှင်းစာပေချစ်သူများအ ဖွဲ့ ခေါင်းဆောင် ကိုတင့်တိုးမှ အသက်(၅၂)နှစ်ရှိ ဦးဖေစိန်အား ထိုင်ခုံတွင် ထိုင်ခွင့်မပြုနိုင်ကြောင်း၊ ထိုင်လိုလျှင် ၈၈ သွေးသစ် တာဝန်ရှိသူကိုစိန်အေး ကိုပြောပါဟုဆိုခဲ့ကြောင်းသိရှိရသည်။

““ဦးဖေစိန်လို့သဘောမထား ဘဲ အသက်ကြီးနေတဲ့ လူကြီးတစ်ယောက်လို့သဘောထားပြီး ဆက်ဆံရင်၊ ကိုယ့်ထိုင်ခုံနဲ့ကိုယ် လာအားပေးရင်ခွင့်ပြုဖို့လိုပါတယ်”ဟု NLD ပါတီမှ မေတ္တာလေညှင်း ပရဟိတနာရေး ကူညီမှုအသင်းမှ ကိုသန့်ဇင်ကပြောသည်။

၈၈ သွေးသစ်မှလည်း အားပေးလိုလျှင် ဖျာပေါ်တွင်သာထိုင်ပြီး အားပေးရန်၊ အခမ်းအနားသို့ လာ ရောက်သူ များနှင့်သာ တစ်သွေးတည်းထိုင်ခွင့်ပြုနိုင်မည်ဟု ၈၈ သွေးသစ်အဖွဲ့ တာဝန်ရှိသူကိုသန်းစိန်မှ ပြောခဲ့သဖြင့် ရိုး တွင်းချဉ်ဆီခန်းခြောက်ဝေဒနာ ခံစားနေရပြီးခြေထောက်မကောင်းသော ဦးဖေစိန်နှင့်အတူ လူငယ် အဖွဲ့ များ ၈၈ မျိုးဆက်သစ်အလံများပြန်အပ်ကာ  အခမ်းအနား မစမီပြန်ခဲ့သည်ဟု သိရှိရသည်။
 ““ကိုမင်းကိုနိုင်တို့လို ၈၈ကျောင်းသားတွေ စတင်ခဲ့လို့ NLD ပါတီတွေဆိုတာဖြစ်လာခဲ့ရ တာပါ။ ဒါ ကြောင့်ဟောပြောပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ (၁)သိန်းကျပ်ထည့်ပေးခဲ့တာပါ။ ကျွန်တော့်ခြေထောက် မကောင်းလို့ ထိုင်ခုံမှာ ခေတ္တထိုင်တာပါ။ ဟောပြောပွဲကစဖို့ အချိန်အများ ကြီးလို ပါသေးတယ်။ လူငယ်တွေ အခြေအတင် သဘောထားကွဲနေကြတော့ မနေသင့်တော့လို့ ပြန်ခဲ့ရတာပါ။ ဒီလိုအဖြစ်အပျက်တွေက အရေ ခွံထူနေပါပြီ။ စိတ်ထဲ ဘာမှမရှိပါဘူး”” ဟု NLD ပါတီ ပြည်နယ် သဘာပတိဦးဖေစိန်ကပြောသည်။

ပြည်သူအတွက် အဓိကထားဆောင်ရွက်ကာ  အခက်အခဲ ရှိလျှင် အဆင်ပြေအောင် ကူညီမည်ဆိုသည့် စိတ်ဓာတ်ဖြင့် အလေးထားဆောင်ရွက်မည့်အဖွဲ့ဆိုလျှင် ပြည်သူများအနေဖြင့် လေးစား မည်ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ““အဘိုးကြီး၊ အဘွားကြီးတွေက ဦးမင်းကိုနိုင်တို့ ၈၈မျိုးဆက် သစ်အဖွဲ့ကို ချစ်ပေမယ့် လာလို့ မဖြစ်နိုင်ဘူး။ အသက်ကြီးတဲ့ လူတွေဖျာပေါ်မှာအကြာကြီးထိုင်လို့ မဖြစ်နိုင်ဘူး။ လူကြီးတစ်ယောက် အနေနဲ့မြင်ပြီး ကိုယ့်ထိုင်ခုံကိုယ်ယူပြီး ထိုင်ခွင့်မပေးတဲ့အဖြစ်က ဆိုးပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးကို ကိုကြီး တို့ရဲ့စွမ်းဆောင်ရည်တွေကို လေးစားဂုဏ်ပြုတဲ့အနေ နဲ့ ပြည်သူတွေလာရောက်အားပေး ကြတာပါ။ ဒီစည်းကို ကျော်ရင်ဖမ်းမယ်။ အရေးယူမယ်ဆိုတာတွေက မဖြစ်သင့်ဘူး။ မိုးညှင်း ၈၈မျိုးဆက်သစ်နှင့် NLD အဖွဲ့ သဘော ထားကွဲမလိုဖြစ်ခြင်းဟာ ပြည်သူများ အတွက် နစ်နာမှုရှိနိုင်တယ်””ဟု မိုးညှင်းဒေသခံတစ်ဦးက  ပြောသည်။ ““အားလုံးအောက်မှာထိုင်ဖို့ စီစဉ်ထားတဲ့ကိစ္စအပေါ်မှာ ကျွန် တော်တို့ အခြားနေရာ ရောက်နေ တဲ့အချိန်မှာအဆင်မပြေဖြစ်သွား တာပေါ””ဟု  မိုးညှင်းမြို့ ၈၈သွေးသစ်အဖွဲ့ တာဝန်ရှိသူဦးစိန်အေးက ပြော သည်။
သန်းထွန်း-မိုးညှင်း(မြစ်မခ)
Hot News Journal

0 comments:

Post a Comment