Monday, May 5, 2014

နိုက်ဂျီးရီးယားမှာ ကျောင်းသူ ၂၃၀ ကို ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စ မိသားစု ၀င်တွေ ဒေါသမီး တောက်နေ

နိုက်ဂျီးရီးယားမှာ ကျောင်းသူ ၂၃၀ ကို ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိဘတွေနဲ့ မိသားစု ၀င်တွေဟာ သောကမီးနဲ့အတူ ဒေါသမီးပါ တောက်လောင်နေရပါတယ်။ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ ဘိုကို ဟာရမ်က သူတို့ပြန်ပေးဆွဲတာလို့ ဒီနေ့ပဲ ဗီဒီယိုကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

နိုက်ဂျီရီးယားမိခင်တွေရဲ့ သောကကို ဒီဗီဒီယိုမှာ ရှုစားနိုင်ပါတယ်။ နိုက်ဂျီးရီးယားပြန်ပေးဆွဲမှုကြီးအတွက် မိခင်တွေ သောကရောက်နေ BBC Burmese