Tuesday, May 20, 2014

ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄)ဦးရေတံခွန် ၌ရေနစ်သေဆုံး

Photo Tachileik
ကျိုင်းတုံ မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းနော့/ဖာတအုပ်စု၊ နမ့်လပ် ရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှင့် (၂)မိုင်ခန့်အကွာရှိ နမ့်လပ်ချောင်း အတွင်းသို့ စီးဆင်းသည့် ရေတံခွန်တွင် ယနေ့ နေ့လည်(၁၁) နာရီခွဲအချိန် ၌ ကျောင်းသား(၄)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိ၍ ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်သိန်းဦးစီးသော တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်သို့ သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) ၀န်တင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသ ခံပြည်သူများ ၀ိုင်းဝန်းရှာဖွေခဲ့ရာ မွန်းတည့် (၁၂)နာရီတွင် ပျောက်ဆုံးကျောင်းသား(၄)ဦး မှ ရေနစ်သေဆုံးနေသော မောင်ငြိမ်းချမ်းပိုင် (၂၁)နှစ်၊ တတိယနှစ်၊ ကျိုင်းတုံ နည်းပညာတက္ကသိုလ်အား ရေတံခွန်ချောင်းအတွင်းမှ ပြန်လည်ရှာဖွေတွေ ရှိခဲ့သည်။

ဆက်လက်၍ ရှာဖွေရာ ညနေ(၅)နာရီ (၂၅)မိနစ်အချိန်တွင် သေဆုံးလျှက် ရှိသော မောင်အောင်ကျော်ဖြိုး(၁၉)နှစ်၊ တတိယနှစ်၊ ကျိုင်းတုံနည်းပညာ တက္ကသိုလ်၊ မောင်အောင်ပြည့်ကျော် (၁၉)နှစ်၊ တတိယနှစ်၊ ကျိုင်းတုံနည်းပညာ တက္ကသိုလ်၊ မောင်သီဟစိုး (၂၀)နှစ်ခန့်၊ ဒုတိယနှစ်၊ ကျိုင်းတုံနည်းပညာ တက္ကသိုလ်တို့၏ အလောင်းများကို ပြန်လည် ဆယ်ယူရရှိခဲ့သည်။

ဖြစ်စဉ်မှာ မေလ(၁၉)ရက် (၁၀)နာရီအချိန်တွင် ကျိုင်းတုံနည်းပညာ တက္ကသိုလ်နှင့်၊ ကျိုင်းတုံတက္ကသိုလ်တို့မှ ကျောင်းသား(၈)ဦးသည် အဆို ပါ ရေတံခွန်သို့ အလည်သွားရောက်ခဲ့ပြီး (၁၀)နာရီခွဲအချိန်တွင် ရေတံခွန် အတွင်းသို့ ရေဆင်းချိုးစဉ် အထက်ပါ ကျောင်းသား(၄)ဦးမှာ ရေကစား ရင်း ရေတံခွန်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကျောင်းသား(၄)ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မာတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးကျော်ထွန်းဝင်းက သေမှုသေ ခင်းအမှတ်စဉ် (၉/၂၀၁၄)ဖြင့် ရေးဖွင့် ထားကြောင်း သိရသည်။
 
MOI Webportal Myanmar

0 comments:

Post a Comment