Tuesday, May 27, 2014

ပြည်သူ့ဂုဏ်ရည်ဆုရသူများအား ဇွန်လ ၁ ရက်တွင် ချီးမြှင့်မည်

ပြည်သူ့ဂုဏ်ရည်ဆုရရှိသော ဒေါ်သန်းမြင့်အောင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဆည်းဆာရိပ်ဖေ့စ်ဘွတ်ခ်)
ရန်ကုန် Wednesday, May 28, 2014
ရန်ကုန်- အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက ပေးအပ်သော ၂၀၁၄ ခုနှစ်အ တွက် ပြည်သူ့ဂုဏ်ရည်ဆု ရွေး ချယ်ချီးမြှင့်ခဲ့ရာ ပရဟိတလုပ် ငန်းများ လုပ်ကိုင်နေသည့် ဒေါ်သန်းမြင့်အောင်က ပြည်သူ့ဂုဏ်ရည်ဆုဆွတ်ခူးခဲ့သည်။

‘‘ဆုရတဲ့အတွက် ကြည်နူး တယ်။ ဝမ်းသာတယ်။ ဒီအလုပ်ကိုဆက်လုပ်ပြီးရင်း လုပ်သွားဖို့ပဲရှိ တယ်။ ဒီကရတဲ့ ဆုကြေးကိုလည်း ဒီအလုပ်ထဲပဲ ထည့်ဝင်သွားမယ်’’ ဟု ဆရာမသန်းမြင့်အောင်ကပြော သည်။

   ပြည်သူ့ဂုဏ်ရည်ဆု၏ အထူးဆုများကို တစ်ကိုယ်တော် ပရဟိတသမားကွန်ရက်မှ မခင် နှင်းကြည်သာ၊ ပန်းစကားအဖွဲ့ နှင့် One More အဖွဲ့တို့က ရရှိ သွားကြောင်း သတင်းရရှိသည်။

‘‘ကိုယ်ကျိုးကိုမကြည့်ဘဲ စေတနာသန့်သန့်နဲ့ လုပ်ခဲ့တာကို အ သိအမှတ်ပြုခံရတဲ့အတွက် ဝမ်း သာတယ်။ ရလာတဲ့ဆုကြေးကို အဖွဲ့ရဲ့ သီးသန့်ရန်ပုံငွေထားပြီး အရေးပေါ်လိုတဲ့နေရာတွေမှာ သုံးသွားမယ်’’ဟု One More အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦး ပြည်သွေးနိုင်က ပြောသည်။

 ဆရာမ သန်းမြင့်အောင်၊ တစ်ကိုယ်တော် ပရဟိတသမား များကွန်ရက်မှ မခင်နှင်းကြည်သာနှင့် One More အဖွဲ့တို့သည် လူမှုရေးလုပ်ငန်း အသီးသီးတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင် ရွက်နေသူများဖြစ်ပြီး ပန်းစကား အဖွဲ့မှာမူ ‘‘လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့် စည်းစို့’’ဟူသည့် ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်နေ သည့် အဖွဲ့အစည်းဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်ဆုသည် လူမှုရေးကိစ္စများတွင် ကိုယ်ကျိုး စွန့် အနစ်နာခံသူများအား ရွေးချယ်ပေးအပ်သည့် ဆုအမျိုးအစားဖြစ်ပြီး ထိုလုပ်ငန်းများ လုပ်ဆောင်သည့်အတွက် လေးစားဂုဏ်ပြုသည့် ဆုဖြစ်ကြောင်း ဆုပေးပွဲ ကျင်းပရေးကော်မတီက ကြေညာထားသည်။

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့် ခြင်းအစီအစဉ် ကျင်းပသည်မှာ ယခုဆိုလျှင် (၅)ကြိမ်မြောက်ဖြစ် ပြီး ဆုရရှိသူများ ရွေးချယ်ပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ မေလ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူ့ဂုဏ်ရည်ဆု နှင့် အထူးဆုရရှိထားသူများအား ဆုချီးမြှင့်မည့် အစီအစဉ်ကို ဇွန်လ၁ ရက် ညနေ ၃ နာရီမှ  ၅ နာရီအထိ တော်ဝင်နှင်းဆီခန်းမ၌ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန် ဒေါ်လာ တစ်သောင်းနှင့် အထူးဆုများကို ဒေါ်လာ ၁,၀၀၀ စီ ပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီက ထုတ် ပြန်ထားသည်။
ရှင်းရှင်း
7Day Daily

0 comments:

Post a Comment