Monday, May 26, 2014

လမ်းဘေးတွင် ထိုင်နေသူအား ဆိုင်ကယ်ဖြင့်ပွတ်တိုက်မိ

နေပြည်တော်၊ မေ ၂၆
၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ည ၉ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ အမှတ်(၂) ရပ်ကွက်၊ ရွှေ စည်းခုံ ဘုရားလမ်းတွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကံမမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ လဲကုန်းကျေးရွာမှ ကံမမြို့ဘက်သို့ ကံမမြို့နယ်၊ လဲကုန်းကျေးရွာနေ ကျော်လင်း (၂၅)နှစ် မောင်းလာသည့် ၄၀ယ/____ ဝူဂျန်း-၁၁၀ အနက်ရောင် ဆိုင်ကယ်သည် ရွှေစည်းခုံ ဘုရားလမ်းဘေးတွင် ထိုင်နေသော ကံမမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ အောင်ပိုင် (၁၇)နှစ်အား ဝင်ရောက် ပွတ်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိ တိမ်းမှောက်မှုကြောင့် အောင်ပိုင်တွင် ဝဲခြေသလုံး/ ခြေကျင်းဝတ်ပွန်းပဲ့ဒဏ်ရာနှင့် ကျော်လင်း တွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲ၊ ဝဲနဖူးပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင် သူ ကျော်လင်းအား ကံမမြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar

0 comments:

Post a Comment