Monday, May 26, 2014

သန်းခြောက်ဆယ်အထက်မှာ တပ်မတော်သားများ ရှိသလား

နေပြည်တော်၊ မဇ္ဈိမ
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅%ပါနေတော့ သူတို့မပါဘဲ ပြင်လို့မရဘူး။

မြန်မာနိုင်ငံမှာ ပြည်သူ သန်းခြောက်ဆယ်လောက်ရှိပြီး တပ်မတော်သားက ငါးသန်းလောက်ရှိတယ်လို့ သိထားတယ်။

ဒါကြောင့် ပြည်သူသန်းခြောက်ဆယ်ရဲ့ အထက်မှာ ငါးသန်းက ရှိနေသလား ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Mizzima - News in Burmese

0 comments:

Post a Comment