Tuesday, May 27, 2014

ဘတ်စ်ကားဂိတ်နှင့် ရှော့ပင်းစင်တာပါဝင်သည့် အဆောက်အအုံမီးလောင်၍ လူခုနစ်ဦးသေ ၂၀ ဒဏ်ရာရ

ဂျုန်ဂီဒို Tuesday, May 27, 2014
မေလ ၂၆ ရက်က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် ဂိုယန်းဒေသရှိ မီးလောင်မှုဖြစ်ပွားသော မြို့တွင်းပြေး ဘတ်စ်ကားဂိတ်သို့ မီးသတ်သမားများ အပြေးအလွှား သွားရောက်စဉ် (YONHAP/EPA)

တောင်ကိုရီးယားနိုင်ငံ ဂျုန်ဂီဒိုပြည်နယ်တွင် တနင်္လာနေ့ က ဘတ်စ်ကားဂိတ်နှင့် ရှော့ပင်း စင်တာတို့ ပါဝင်သည့် ငါးထပ် အဆောက်အအုံတစ်ခုအတွင်း မီး လောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူခုနစ်ဦး သေ ဆုံးပြီး ၂၀ ဒဏ်ရာရခဲ့သည်။အများစုမှာ မီးလောင်မှုတွင် မီးခိုးမွှန်၍ သေဆုံးခဲ့ခြင်းဖြစ် သည်။

တောင်ကိုရီးယား ယုံဟပ် သတင်းအဆိုအရ ထိုပြေးလမ်း လိုဏ်ခေါင်းမှာ ဆောက်လုပ်ဆဲ နေရာ တစ်ခုဖြစ်ပြီး မီးလောင်မှုမှာ နံနက် ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ ကြောင်းဆိုသည်။

မီးလောင်မှုမှာ ရှော့ပင်း စင်တာမှ အစားအသောက် ရောင်းချသည့် အထပ်တွင် ဆောက်လုပ် ရေးအတွက် ဝရိန်ဆော်ရာမှ ဖြစ် ပွားကြောင်း မီးသတ်သမားများက ပြောသည်။

တောင်ကိုရီးယားသည် စီးပွားရေးတိုးတက်ပြီး အဆင့်မြင့် စက်မှုနိုင်ငံ ဖြစ်လာသော်လည်း နိုင်ငံတွင်း အခြေခံအဆောက်အအုံများတွင် လုံခြုံရေးစံနှုန်းများနှင့်အညီ စည်းကမ်းလိုက်နာဆောင်ရွက်နိုင်စွမ်း အားနည်းနေဆဲဖြစ်သည်ဟု ဝေဖန်ခံနေရ သည်။

တောင်ကိုရီးယားတွင် ပြီးခဲ့သည့်ဧပြီက လူ ၃၀၀ ကျော် သေဆုံးခဲ့ရသည့် ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ပွား ပြီးနောက် မြေအောက်ရထားလမ်း မတော်တဆမှုနှစ်ခုတွင်လည်း လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။
7Day Daily
—Ref: Reuters

0 comments:

Post a Comment