Thursday, May 29, 2014

ရှင်းကျန်းဒေသတွင် ဖောက်ခွဲရေးပစ္စည်း ၁ ဒသမ ၈ တန်ကို ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိ

မေ၊၂၉။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းယူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရဲတပ်ဖွဲ့ဝင်များသည် အလစ်ဝင်ရောက်တိုက်ခိုက်မှုတစ်ခုအတွင်း အလေးချိန် ၁ ဒသမ ၈ တန်ရှိသော ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည့်အပြင် အကြမ်းဖက်သမားဟုယူဆရသူ ငါးဦးကိုဖမ်းဆီးနိုင်ခဲ့ သည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုက ထုတ်ပြန်ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုသည် ရှင်းကျန်းယူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ပိုင်းရှိ ဟိုတန်စီရင်စုတွင် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များသည်အက်ဘလစ်ဇ်ဒါဝတ် ဦးဆောင်သော အစွန်းရောက်ဝါဒီ အကြမ်းဖက် သမားအုပ်စုတစ်စုကို ဖမ်းဆီးနိုင်ခဲ့သည်။ အက်ဘလစ်ဇ်နှင့် ၎င်း၏အဖွဲ့ သားများသည် မေ၂၂ ရက်တွင် အူရွမ်ချီမြို့ အတွင်းရှိ ဈေးတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှု ပြု လုပ်ခဲ့သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
Myanmar Age
Source; Xinhua ဘာသာပြန် David

0 comments:

Post a Comment