Friday, May 30, 2014

ဘင်္ဂလားဒေ့ရှ်ဖက်မှ တောင်းသည့် အလောင်း လွှဲပြောင်းပေးချိန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် နယ်စပ်ပစ်ခတ်မှုဖြစ်ပွားခဲ့

မောင်တော၊ မေ (၃၀) ရက်
မေလ (၂၈) ရက်နေ့က မြန်မာပိုင် နယ်စပ်ခြံစည်းရိုးသို့ ဖြတ်ကျော်ဝင်ရာက်လာသော RSO သောာင်းကျန်းသူ (၁)ဦးအား မြန်မာဖက်မှ ခုခံပစ်ခတ်မှုကြောင့်ေ(၁)ဦး သေဆုံးခဲ့သည်။

၎င်းသေဆုံးမှုအပေါ် တဖက် BGB တပ်ရင်းမှ ထိုသေဆုံးသူမှာ BGB မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟု ပြောဆိုကာ တောင်းဆိုမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်မှ နှစ်နိုင်ငံနယ်စပ်လုပ်ထုံး လုပ်နည်းနှင့်အညီ ယနေ့ ညနေ (၄)နာရီကျော်ခန့်တွင် ပြန်လည်လွှဲပြောင်းပေးရန် သွားရောက်စဉ် နယ်စပ်အနီး အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ၀င်ရောက်ပစ်ခတ်မှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် BGB တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း လွှဲပြောင်ပေးမည့် အလောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ လက်ခံရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
Western Gate Guard

0 comments:

Post a Comment