Friday, April 25, 2014

ရဟန်းတွေထဲက အဆိပ်တစ်ခွက် (သို့ ) ရဟန်းငယ်များနှင့် သာသနာကို အဆိပ်ခပ်နေသူ

(အွန်လိုင်းတွင် ရဟန်းအချင်းချင်း ဓါတ်ပုံများ ကို အောက်လမ်းနည်းဖြင့် ဖြတ်ကပ်ညှပ်လုပ်၍ ယုတ်ညံ့စွာ အပုပ်ချနေသော ဦးဝီရသူ)
ပြည်ပရောက် ဆရာတော် ဦးဇ၀န က -
မြန်မာပြည်က အစွန်းရောက်ရဟန်း ဦးဝီရသူ မှ သံဃာဂုဏ်တော် တွေ ကိုဖျက်ဆီး ကာ ထင်ရာစိုင်းနေ တဲ့ -
(၁) လူမျိုးရေးမုန်းတီးမှုတွေ လုပ်ရပ်တွေ
(၂) ဘုရားဟောနှင့် ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေသည့် ကလေကချေ စကားများပလ္လင်ပေါ်တက်ပြောခြင်း
(၃) စစ်အာဏာရှင် နှ် ခရိုနီ တွေ ကိုမဲပေးဖို့ မဲဆွယ်နေခြင်း
(၄) ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားခေါင်းဆောင်များ ကို လိမ် လည် အပုပ်ချ နေခြင်း
(၅) ပုဒ် မ ၅၉ သည် အမျိုးဘာသာ ကာကွယ်သောပုပ်မ ဟု လိမ်လည်ပြောကြားနေခြင်း
(၆) အာဏာရှင်လက်ကိုင် တုတ် ဖြစ် နေကြောင်း (မစိုးရိမ် နာမည်ယူသုံးထားသော) ရဟန်းတစ်ပါးအနေဖြင့် ထိုသို့  မလုပ်သင့်ကြောင်း
အထောက်အထားတွေ နဲ့  တင်ပြလာတဲ့ အခါ-

ဦးဝီရသူ (အဆိပ်ခွက်) မှ ဆရာတော် ဦးဇ၀န ၏ လူအများနှင့် ရိုက်ထားသည့် ရိုးသားသော ဓါတ်ပုံ ကို အောက်လမ်းနည်း ဖို တို ရှော့ ဖြင်ပြင်ကာ လုပ်ကြံ ထား၍ - On Line Pervert ဖြစ်ကြောင်း သက်သေပြလိုက်ပါပြီ။

ဦးဝီရသူ ၏ ယုတ်ညံ့သော အောက်တန်းစား လုပ်ရပ်များ ကို ပြည်သူအများ သိရှိသင့်ပါပြီ။ သာသနာဖျက် အဆိပ်ပင်ရေးလောင်း ရာတွင် မပါဝင်မိကြစေဖို့  ပြည်သူအများအား သတိပေးကြပါ။

ပြည်သူအများ နှဖူးနဲ့  မြေကြီးထိကာ ရိုသေစွာ ကန်တော့ ဦးချ ဆည်းကပ်နေတဲ့ သူတွေ ထဲ မှာ ဦးဝီရသူလို ရဟန်းမျိုး ပါသင့်မပါသင့် ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ကြပါ။

အမှား အမှန်ကို ခွဲခြားနို်င်သောဥာဏ်ရှိကြပါ။
အမှန်တရားဖက်က အဂတိကင်းစွာ ရပ်ရဲသော စိတ်ရှိကြပါ။